Cele Love
Daily Celebrity News
VIRGO(ကန်ရာသီဖွား) များအတွက် ဖေဖော်၀ါရီ ‌၁ရက်နေ့မှ ၁၅ရက်နေ့အထိ
အကြံဉာဏ်ကောင်းတိုးပွားခြင်း၊ အလုပ်စီးပွားကံကောင်းခြင်းများနှင့် တိုးတက်မှုအဆင့်ဆင့်ရရှိမည်။ မိတ်ကောင်းဆွေကောင်းများထံမှ အထောက်အကူကောင်းရမည်။သြဇာကြီးမားသောနေရာအဆင့်သို့ရောက်သည်။ယှဉ်လာသူအားလုံးအပေါ် အနိုင်ယူနိုင်မည်။ သစ်လွင်သော အောင်မြင်မှုကိုရမည်။အတွင်းပဋ္ဋိပက္ခများ၊ အရှုပ်အထွေးများတစ်မျိုးပြီးတစ်မျိုးရင်ဆိုင်ဖြေရှင်းရမည်။ သူများပြဿနာ ကိုယ့်ပြဿနာ ဖြစ်တတ်သည်။ရန်အတိုက်အခံနှင့် ထိပ်တိုက်ကြုံရတတ်သည်။လူလွတ်အမျိုးသမီးများ အိမ်ထောင်ရေးကမ်းလှမ်းခံရခြင်း၊ မေတ္တာရေးကံကောင်းခြင်းရှိမည်။ လူချစ်လူခင်ပေါများမည်။ စိတ်ချမ်းသာစရာသတင်းကောင်းများကြားသိရမည်။ငွေချေးကသေချာပေါက်ဆုံးမည်။ပစ္စည်းပျောက်မည်။အမေ၊အဘွား၊အဒေါ်ကျန်းမာရေးချူချာမည်။ စာရွက်စာတမ်းများပြန်လည်ပြင်ဆင်ချုပ်ဆိုရမည်။
မူလဘဝ၊အခြေအနေမှပိုမိုမြင့်မားသော ဘဝအနေအထားသို့ ပြောင်းလဲဖြစ်ပေါ်မည်။ရုတ်တရက် ဆုံးဖြတ်ပြီး လုပ်ကိုင်လိုက်သော ကိစ္စများမှ ထူးခြားသော တိုးတက်မှုများရမည်။မည့်သည့် ကိစ္စကိုဆောင်ရွက်သည်ဖြစ်စေ အစပိုင်းအထူးအဆင်ပြေပြီး အဆုံးသတ်သော အနေအထားတွင် အနှောင့်အယှက်ပေါ်တတ်သည်။ မနာလိုသူများနှင့်တွေ့တတ်သည်။လုပ်ငန်းခွင်အတွင်း၌ လုပ်ငန်းပုံစံသစ်၊ ဖွဲ့စည်းပုံအသစ်များဆောင်ရွက်ရမည်။ ရွေးချယ်ထားသော လမ်းကြောင်းသစ်ပေါ်တွင်စနစ်တကျ ရှေ့တိုးဆောင်ရွက်ပါ။ကာလအတန်ကြာ တွေဝေပြီး မရေရာ မသေချာသောကိစ္စများကို ပိုင်နိုင်စွာ ဆုံးဖြတ်နိုင်မည်။ မေတ္တာရေးတွင် အညံ့ရှိသည်။၅၂၈-၁၅၀၀ မေတ္တာ နှစ်ခုစလုံးတွင် စကားများရတတ်သည်။ငွေကြေးဝင်ခြင်းနှင့်ဥစ္စာတိုးပွားခြင်းများ ခါတိုင်းထက်ပို၍အဆင်ပြေခြင်းများရှိမည်။လုပ်ငန်းပိုင်းတွင် ကောင်းသောတက်လမ်း ကြုံမည်။
တစ်ခုထက်မကသောလုပ်ငန်းများကို တစ်ပြိုင်နက်တည်း တွဲဖက်လုပ်ကိုင်ရမည်။ တိုးချဲ့လုပ်ကိုင်သောကိစ္စများမှ အောင်မြင်မှုများ၊ အခိုင်အမာ ဖြစ်ထွန်းမည်။ယခင်အတိတ်ကာလမှ ပြဿနာဟောင်းများကိုလည်းပြန်လည်ဖြေရှင်း အဆင်ပြေမည်။ အမှုပြဿနာမကင်းသော အရောင်းအဝယ်ကိစ္စများကြုံမည်။စကားများရမည်။ရန်များမည်။မိသားစုတွင်မရည်ရွယ်ဘဲဘာသာရေးကိစ္စများ၊အလှူအတန်းကိစ္စများဆောင်ရွက်ရမည်။အရပ်ဝေးတွင်ရောက်ရှိနေသူများထံမှ ကောင်းသောသတင်းစကားကြားသိရမည်။လူမျိုးကွဲ၊ လူမျိုးခြားနှင့် ဆက်စပ်လုပ်သောကိစ္စများမှ ကောင်းသောအကျိုးဆက်ရရှိမည်။ ခရီးသွားရန်စီစဉ်ထားသောကိစ္စများအောင်မြင်မည်။မူလတစ်ကြိမ်မှ လုပ်ကိုင်ဖူးခြင်း မရှိသေးသော လုပ်ငန်းများ လုပ်၍အဆင်ပြေသော အခြေအနေရှိမည်။ အလုပ်သစ်၊ နေရာသစ်များမှ အကျိုးကောင်းများရမည်။
Zawgyi
Please follow and like us:
error0