Cele Love

Daily Celebrity News

Tag: telenor

မန်ချက်စတာယူနိုက်တတ်ရဲ့အငြင်းပွားဖွယ်မရှိနံပါတ်တစ်ဂိုးသမားဖြစ်တဲ့ဒေးဗစ်ဒီဂီယာဟာပထမဦးဆုံးအကြိမ်နေရာဆုံးရှုံးမှာကို စိုးရိမ်လာရပါပြီ။ ရှဖီးအသင်းကိုအငှားချထားတဲ့ လူငယ်ဂိုးသမားလေးဟန်ဒါဆန် ဟာ ယခုလအတွင်းမှာယူနိုက်တတ်နဲ့သူ့ရဲ့ရှေ့ရေးကိုစကားပြောတော့မှာပါ။ဟန်ဒါဆန်ဟာ ယူနိုက်တတ်ကိုပြန်လာဖြစ်ရင်ပထမဂိုးသမားနေရာမှာဘဲကစားမှ ပြန်လာမယ်လို့ပြောကြားထားသူလည်းဖြစ်ပါတယ်။ ဒီဂီယာဟာနည်းကြီးဖာဂူဆန်လက်ထပ်၂၀၁၁အက်တလတ်တီကိုအသင်းကပြောင်းရွေ့လာထဲကယူနိုက်တတ်ရဲ့ ပထမဂိုးသမားနေရာကို အလိုလျှောက်ရရှိခဲ့သူပါ။ဒါပေမယ့်ဒီရာသီမှာအမှားအယွင်းများနေခဲ့တာပါ။ယခုလည်းပြီးခဲ့တဲ့တနဂ်နွေနေ့ကအဲဗာတန်နဲ့ပွဲစဉ်မှာ ဒီဂီယာရဲ့တဦးချင်းအမှားကနေယူနိုက်တတ်တို့အဖွင့်ဂိုးပေးခဲ့ရပြန်တာကြောင့်ကပရိတ်သတ်အချစ်တော်ဖြစ်ခဲ့တဲ့ဒိဂီယာတယောက်ဝေဖန်မှုတွေနဲ့ကြုံတွေ့လာရပါတယ်။နည်းပြဆိုးရှားကDe Gea အားကမ္ဘာ့အကောင်းဆုံးဂိုးသမားအဖြစ်မှတ်ချက်ပြုခဲ့သော်လည်းဒီရာသီမှာသူ့အမှားကြောင့်ယူနိုက်တတ်တို့ပေးဂိုး၇ဂိုးရှိနေပါပြီ။ ဆိုးရှားကတော့ဒီဂီယာဟာ

မြန်မာ – ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် အငြိမ်းစား ရဲတပ်ကြပ်ကြီးတစ်ဦးသည် ၂၀၂၀ ခုနှစ်၊ မတ်လ (၁)ရက်နေ့က ဖွင့်သည့် ထိုင်းထီဆုမှ ဘတ်သိန်း (၆၀)ဆုကို ဆွတ်ခူးရရှိသွားသည်။

ယူနိုက်တတ်အသင်းဟာ တိုက်စစ်အင်အားဖြည့်တင်းဖို့အတွက်တူရကီစူပါလိဂ်တရက်ဇွန်စပေါ့အသင်းတိုက်စစ်မှူးဆိုးရော့ကိုစောင့်ကြည့်နေပါတယ်။ဆိုးရော့ဟာခရစ္စတယ်ပဲ့‌လေ့အသင်းကနေတူရကီးအသင်းကိုအငှားချထားတဲ့ကစားသမားပါ။ သူ့ရဲ့ပရီးမီးယားလိဂ်ကစားသမားဘဝမှာတော့အောင်မြင်မှုမရခဲ့ဘဲ၁၆ပွဲသာကစားခဲ့ရပြီး သွင်းဂိုးလည်းမရှိခဲ့ပါဘူး။ဒါကြောင့် ပဲလေ့အသင်းကသူ့ကိုတူရကီကလပ်ထံအငှားချခဲ့ရာမှာတော့ သူ့ရဲ့အောင်မြင်တဲ့နေ့ရက်တွေဖြစ်လာပါတယ်။ ဒီအသက်၂၄နှစ်အရွယ်နော်ဝေသားတိုက်စစ်မှူးဟာ တရက်ဇွန်စပေါ့မှာ ၂၃ပွဲကစား၁၉ဂိုးသွင်းယူထားပြီး တူရကီလိဂ်ရဲ့ဂိုးသွင်းသူစာရင်းကိုဦးဆောင်ထားပါတယ်။သူဟာပဲလေ့အသင်းကိုပေါင်၉သန်းကျော်နဲ့ပြောင်းလာပေမယ့် ဒီနွေဈေးကွက်မှာတော့သူ့ကိုခေါ်ယူမယ်ဆိုပေါင်၆သန်းလောက်နဲ့ရမယ့်သဘောရှိနေပါတယ်။ထရက်ဇွန်အသင်းက the sunသတင်းစာကိုပြောကြားရာမှာသူ့ကိုဒီနွေရာသီမှာပေါင်၆သန်းနဲ့အပြီးသတ်စာချုပ်ချုပ်ခေါ်ယူမယ်လို့ဆိုပါတယ်။ ဆိုးလ်ရော့ကလည်းမကြာသေးမီကသူ့ကိုပရီးမီးယားထိပ်သီးအသင်းကစိတ်ဝင်စားကြောင်းအသိအမှတ်ပြုခဲ့သည်။ သူက