Cele Love
Daily Celebrity News
SAGITTARIUS(ဓနုရာသီဖွား) များအတွက် ဖေဖော်၀ါရီ ‌၁ရက်နေ့မှ ၁၅ရက်နေ့အထိ
အပြိုင်အဆိုင်အားလုံးအား ကျော်လွှားနိုင်မည်။မူလဘဝထက်သာလွန်သောအနေအထားသို့ကူးပြောင်းရောက်ရှိမည်။ အပြောင်းအလဲနှင့်ဘဝတိုးတတ်မှုရရှိမည်။ပြည်ပနိုင်ငံရပ်ခြားခရီးကိစ္စများ ကိုယ်တိုင်တွင်လည်းကောင်း၊ မိသားစုတွင်လည်းကောင်းကြုံမည်။စီးပွားကံကောင်းမည်။အချစ်ရေးကံကောင်းမည်။ မေတ္တာရေး၊ အိမ်ထောင်ရေးကိစ္စများဆုံးဖြတ်ဆောင်ရွက်ခြင်းများ မှန်ကန်မည်။ရည်မှန်းချက်အောင်မြင်မည်။ငွေကြေးအကုန်အကျများမည်။ မသုံးရက်၊ မစွဲရက် ကာလရှည်ကြာ စုဆောင်းထားသောငွေများကိုယ့်အတွက်မဟုတ်ဘဲ သူတစ်ပါးအတွက် သုံးစွဲရမည်။ လူပေါင်းမှား၊ ဆုံးဖြတ်ချက်မှားယွင်းခြင်းများဖြစ်လွယ်သည်။အိမ်တွင်းအပူများမည်။ခိုက်ရန်ဖြစ်ပွားတတ်သည်။
အများကိစ္စ၊ အဖွဲအစည်းကိစ္စများတွင် တာဝန်ယူဆောင်ရွက်ရခြင်းရှိမည်။စုပေါင်းတွဲဖက်လုပ်သောလုပ်ငန်းများတွင်အောင်မြင်မှုရရှိမည်။အိုးအိမ်ကိစ္စ၊ ခြံ၊မြေနေရာထိုင်ခင်းကိစ္စတို့အတွက် ပြောဆိုဆောင်ရွက်ခြင်းများ အောင်မြင်မည်။ငွေကြေးကိစ္စ၊ စာရင်းဇယားကိစ္စများ ကိုင်တွယ်ဖြေရှင်းရမည်။ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့်ဆောင်ရွက်မှုမှ အဆင့်မြင့်တက်လမ်းရမည်။လူမျိုးကွဲနှင့်ဆက်နွယ်၍ အကျိုးပေးခြင်းရှိမည်။နေရာတစ်ခုတွင် အငြိမ်နေ၍မရ။အသွားအလာများနေမည်။အကြောင်းအရာတစ်ခုတွင်လည်း အာရုံစိုက်၍မရ။ထွေပြား၊ ဝေ၀ါးနေမည်။အလုပ်အကြံအစည်များအောင်မြင်မည်။ပညာအတတ်သင်ကြားသူများ အထူးအောင်မြင်မည်။မိသားစုတွင်ထူးခြားသော ကောင်းခြင်းကံများပေါ်ထွန်းနေသည်။
ပျိုရွယ်သူများအဖို့ မချစ်သင့်သူကိုချစ်မိခြင်း၊လူပေါင်းမှား ဆုံးဖြတ်ချက်မှားခြင်းဖြစ်တတ်သည်။ ဘေးစကားအနှောင့်အယှက်များဝင်မည်။သူတစ်ပါးနှင့် မိမိအကြားအတွေးအမြင် အယူအဆ၊ သဘောထားခြင်း ကွဲပြားလင့်ကစား လုပ်ငန်းများ ပူးပေါင်းလုပ်၍ တိုးတက်မည်။လုပ်ရိုးလုပ်စဉ်မဟုတ်သောကိစ္စများကို တာဝန်ယူဆောင်ရွက်ရမည်။တစ်ပါးသူနှင့်ယှဉ်ပြိုင်လိုက်တိုင်းအသာစီးမှရခြင်း၊ နာမည်ကျော်ကြားခြင်းတို့ရရှိမည်။မောင်နှမသားချင်းတို့အနက် ဗုဒ္ဓဟူးနေ့၊ကြာသပတေးနေ့ မွေးသူရှိက ၎င်းတို့အတွက်စိတ်ပင်ပန်းရခြင်းများ ရှိတတ်သည်။မိတ်ဆွေကောင်းများထံမှ အကူအညီရရှိမည်။အရပ်ဝေးမှ သတင်းကောင်းကြားရမည်။ကြိုးစားထားခြင်း၏ကောင်းသောရလဒ်ကို လက်ခံရရှိမည်။
Zawgyi
Please follow and like us:
error0