Cele Love
Daily Celebrity News
PISCES (မိန်ရာသီဖွား) များအတွက် ဖေဖော်၀ါရီ ‌၁ရက်နေ့မှ ၁၅ရက်နေ့အထိ
မိသားစုနှင့် မိမိအကြား ပြဿနာဖြစ်တတ်သည်။ ဆောင်ရွက်ထားသည့် ပြဿနာအမှားအယွင်းများ ပြန်လည်ဖြေရှင်းရမည်။ ကိုယ့်အပေါ် မရိုးမသား ဒုက္ခပေးသူများရှိနေမည်။တစ်ဦးထက်မကသောအချစ်ရေးကိစ္စများပေါ်ပေါက်မည်။ အမျိုးသမီးအကြီးအကဲထံမှအကူအညီများရရှိမည်။ ငွေကြေးကံကောင်းမည်။ခြံ၊ မြေကိစ္စတို့နှင့်ပတ်သက်၍ စကားများရမည်။ ငွေပျောက်တတ်သည်။ စာချုပ်စာတမ်းလက်မှတ်ထိုးခြင်းကိစ္စများကြားဝင်တာဝန်ယူခြင်း၊အာမခံခြင်းများမပြုရ။မယှဉ်နိုင်ဘဲလာရောက်ယှဉ်သူအပေါ်အနိုင်ရရှိမည်။ လုပ်ငန်းခွင်မှသူများအရေးပါသောလျှို့ဝှက်လုပ်ငန်းတာဝန်ကြီးများ ကိုင်တွယ်ရမည်။
စတင်လုပ်ကိုင်သည့်လုပ်ငန်းများ တစ်ဝက်တစ်ပျက်ဖြစ်တတ်သည်။ ရန်အတိုက်အခံများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်။ နာမည်သိက္ခာထိခိုက်အောင် တိုက်ခိုက်မည့်သူများနှင့်ကြုံမည်။တီထွင်ပြီး လုပ်သည့်ကိစ္စများမှ အကျိုးကောင်းရမည်။ ငွေကြေးကိစ္စ၊ အလုပ်ကိစ္စများပြောဆိုရခြင်းရှိမည်။ ကြိုးစားလုပ်ကိုင်မှုများမှ အဆင့်မြင့်တိုးတက်မည်။ပျိုရွယ်သူများ သံယောဇဉ်မထားသင့်သူကို ထားခြင်း၊ အချစ်မှားခြင်း ဖြစ်တတ်သည်။ ရောင်းမှားဝယ်မှားဖြစ်တတ်သည်။ ငွေကြေးလက်လွန်တတ်သည်။အလုပ်ရခြင်းနှင့်လုပ်ငန်းခွင်အခွင့်အလမ်း တိုးတက်ခြင်းများပေါ်ပေါက်မည်။ ခက်ခဲသောအလုပ်ကိစ္စများကိုအလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်။
ပညာသင်နေဆဲသူများ အနှောင့်အယှက်များနေမည်။ တတ်မြောက်ထားသောပညာရပ်နှင့် လက်တွေ့လုပ်ငန်းတို့ ကွာဟနေမည်။ ငွေကြေးအကုန်အကျများမည်။အနီးကပ်လူ ဒုက္ခပေးတတ်သည်။ ဝမ်းကွဲမောင်နှမများဒုက္ခပေးမည်။ စကားကတိမတည်သောသူများနှင့်တွေ့တတ်သည်။ သူတစ်ပါးပြဿနာများအတွက် စိတ်ပင်ပန်းရမည်။မိသားစုအတွက်စီစဉ်ဆောင်ရွက်ထားသောကိစ္စများ အဆင်ပြေမည်။ ပျိုရွယ်သူများစန်းပွင့်မည်။ လက်ထပ်ရန်ရည်စူးသူတို့အဆင်ပြေချမ်းမြေ့စွာလက်ဆက်ရကိန်းရှိသည်။နေရာပြောင်းရွှေ့၍လည်းကောင်း၊ ခရီးသွား၍လည်းကောင်း ကောင်းသောအကျိုးအမြတ်များရရှိမည်။ မိဘအကြီးအကဲကျန်းမာရေးအညံ့ရှိသည်။ မပေါ့အပ်။
အခက်အခဲများကိုကျော်လွှားနိုင်မည်။ အစွမ်းရှိသလောက် ရှေ့တိုးလုပ်ကိုင်၍အဆင်ပြေမည်။ ရည်မှန်းသလောက်ထွန်းထွန်ပေါက်ပေါက်ရှိမည်။ရန်အတိုက်အခံကြားမှဆောင်ရွက်၍ အလိုဆန္ဒပြည့်စုံမည်။ စက်ပစ္စည်းများ အပျက်အစီးများမည်။ မတော်တဆထိခိုက်မှုများသတိရှိရမည်။အကြံအစည်သစ်များ၊ စိတ်ကူးသစ်များလက်တွေ့အကောင်အထည်ဖော်နိုင်မည်။ ရုတ်တရက်ဆုံးဖြတ်၍ ရှေ့တိုးလုပ်ကိုင်သည်များမှအောင်မြင်မှုကြုံမည်။
Zawgyi
Please follow and like us:
error0