Cele Love

Daily Celebrity News

LIBRA (တူရာသီဖွား) များအတွက် ဖေဖော်၀ါရီ ‌၁ရက်နေ့မှ ၁၅ရက်နေ့အထိ

ပညာသင်တန်းနှင့်ပတ်သက်သောကိစ္စများဆောင်ရွက်သမျှ ထွန်းပေါက်မည်။ပစ္စည်းလှောင်ခြင်း၊ ဈေးကစားခြင်းမပြုရ။ဆုံးရှုံးနစ်နာတတ်သည်။စိတ်တိုစိတ်ဆတ်ခြင်းနှင့် စိတ်မြန်ခြင်းကြောင့် အေးအေးဆေးဆေးဖြေရှင်းရမည့် ကိစ္စအားဝရုန်းသုန်းကား တုတ်ဆွဲဓားဆွဲမဖြစ်အောင် ထိန်းရမည်။မိသားစုနှင့်ပတ်သက်သောအလုပ်အကြံအစည်ကိစ္စမှန်သမျှ ကောင်းသောအကျိုးဖြစ်ထွန်းမည်။ငွေကြေးအပေးအယူကိစ္စတွင် လူယုံထား၍မရ။လူမျိုးကွဲ၊ လူမျိုးခြားတို့နှင့် ပူးပေါင်းလုပ်ကိုင်ခြင်းမှ အောင်မြင်မှုများဖြစ်ပေါ်မည်။ချစ်သူ၊ သံယောဇဉ်ရှိသူများနှင့်လမ်းခွဲရလိမ့်မည်။ဦးတည်လိုက်တိုင်း၊ နေရာတိုင်းအနှောင့်အယှက်ပေးသူများ၊ ဒုက္ခပေးသူများ၊ ဆန့်ကျင်ဘက်ပြုသူများနှင့်ကြုံလင့်ကစားကောင်းသောအကျိုးဆက်များဖြစ်ပေါ်မည်။

အလှည့်စားခံရတတ်သည်။မူလစိတ်ကူးပင်မရှိသော ကိစ္စများကို ဆက်တိုက်လုပ်ကိုင်နေရမည်။မတော်တဆထိခိုက်မှုအန္တရာယ်ဂရုစိုက်ရမည်။ရည်မှန်းချက်မြင့်မားစွာနှင့် ဦးတည်ဆောင်ရွက်ခြင်းဖြင့် အဆင့်မြင့်တက်လမ်းများရရှိမည်။ဆေးထိုး၊ ဆေးသောက် မှားယွင်းခြင်းများလည်းဖြစ်တတ်သည်။ထစ်ခနဲဆို ဝမ်းနည်းခြင်း၊ စိတ်ဆင်းရဲခြင်း ကြုံမည်။ပျိုရွယ်သူများ စန်းပွင့်မည်။ကြွေးမြီးကိစ္စများ ကြားဝင်ဖြေရှင်းပေးရတတ်သည်။ဆန္ဒရည်ရွယ်ချက်များကို လက်တွေ့အကောင်အထည်ဖော်၍ အဆင့်မြင့်သောတိုးတက်မှုများရမည်။အနှောင့်အယှက်အတိုက်အခံများကို ရင်ဆိုင်စရာမလိုတော့။ဖြစ်လိုသည်တစ်မျိုး ဆောင်ရွက်နေရသည်ကတစ်မျိုးကြုံမည်။သတင်းအချက်အလက်အမှားအယွင်းများအပေါ်အခြေတည်၍ ဆုံးဖြတ်လုပ်ခြင်းများ ကြောင့်ဆုံးရှုံးမှုကြီးမားမည်။

အများကိစ္စ၊ အဖွဲ့အစည်းများတွင်တာဝန်ယူဆောင်ရွက်ရခြင်းများ ကြုံတွေ့လိမ့်မည်။ယာဉ်ကား၊ ရောင်းမှားဝယ်မှားကိစ္စများ ကြားဝင်ပတ်သက်ရမည်။သူတစ်ပါးကြောင့် မိမိအကြံအစည်များ အပျက်အစီးရှိမည်။ဝေးကွာနေသူများနှင့် ပြန်လည်ဆက်ဆံအကျိုးပေးမည်။မေတ္တာရေးကံကောင်းမည်။အပြိုင်အဆိုင်ရန်အားလုံးကို ကျော်လွှား၍အလိုဆန္ဒပြည့်စုံမည်။ခြံ၊ ကား၊ အခန်းကိစ္စပြောဆိုဆောင်ရွက်မှုအဆင်ပြေမည်။အရပ်ဝေးသို့ လျှောက်ထားသောအလုပ်ရမည်။တိုင်းတစ်ပါးသို့လျှောက်ထားသောကျောင်းဝင်ခွင့်ရကာ သံရုံးဝင်ရသောအဆင့်သို့ရောက်မည်။အမည်အတွင်း (အ၊ ဥ၊ ရ၊ လ၊ ဝ)ပါသူများနှင့်ပတ်သက်၍ နာမည်သိက္ခာထိခိုက်မှုများ ဖြစ်တတ်သည်။အမှားအယွင်းများကြုံနိုင်သည်။

Zawgyi

ပညာသင္တန္းႏွင့္ပတ္သက္ေသာကိစၥမ်ားေဆာင္႐ြက္သမွ် ထြန္းေပါက္မည္။ပစၥည္းေလွာင္ျခင္း၊ ေစ်းကစားျခင္းမျပဳရ။ဆုံးရႈံးနစ္နာတတ္သည္။စိတ္တိုစိတ္ဆတ္ျခင္းႏွင့္ စိတ္ျမန္ျခင္းေၾကာင့္ ေအးေအးေဆးေဆးေျဖရွင္းရမည့္ ကိစၥအားဝ႐ုန္းသုန္းကား တုတ္ဆြဲဓားဆြဲမျဖစ္ေအာင္ ထိန္းရမည္။မိသားစုႏွင့္ပတ္သက္ေသာအလုပ္အႀကံအစည္ကိစၥမွန္သမွ် ေကာင္းေသာအက်ိဳးျဖစ္ထြန္းမည္။ေငြေၾကးအေပးအယူကိစၥတြင္ လူယုံထား၍မရ။လူမ်ိဳးကြဲ၊ လူမ်ိဳးျခားတို႔ႏွင့္ ပူးေပါင္းလုပ္ကိုင္ျခင္းမွ ေအာင္ျမင္မႈမ်ားျဖစ္ေပၚမည္။ခ်စ္သူ၊ သံေယာဇဥ္ရွိသူမ်ားႏွင့္လမ္းခြဲရလိမ့္မည္။ဦးတည္လိုက္တိုင္း၊ ေနရာတိုင္းအေႏွာင့္အယွက္ေပးသူမ်ား၊ ဒုကၡေပးသူမ်ား၊ ဆန႔္က်င္ဘက္ျပဳသူမ်ားႏွင့္ႀကဳံလင့္ကစားေကာင္းေသာအက်ိဳးဆက္မ်ားျဖစ္ေပၚမည္။

အလွည့္စားခံရတတ္သည္။မူလစိတ္ကူးပင္မရွိေသာ ကိစၥမ်ားကို ဆက္တိုက္လုပ္ကိုင္ေနရမည္။မေတာ္တဆထိခိုက္မႈအႏၲရာယ္ဂ႐ုစိုက္ရမည္။ရည္မွန္းခ်က္ျမင့္မားစြာႏွင့္ ဦးတည္ေဆာင္႐ြက္ျခင္းျဖင့္ အဆင့္ျမင့္တက္လမ္းမ်ားရရွိမည္။ေဆးထိုး၊ ေဆးေသာက္ မွားယြင္းျခင္းမ်ားလည္းျဖစ္တတ္သည္။ထစ္ခနဲဆို ဝမ္းနည္းျခင္း၊ စိတ္ဆင္းရဲျခင္း ႀကဳံမည္။ပ်ိဳ႐ြယ္သူမ်ား စန္းပြင့္မည္။ေႂကြးၿမီးကိစၥမ်ား ၾကားဝင္ေျဖရွင္းေပးရတတ္သည္။ဆႏၵရည္႐ြယ္ခ်က္မ်ားကို လက္ေတြ႕အေကာင္အထည္ေဖာ္၍ အဆင့္ျမင့္ေသာတိုးတက္မႈမ်ားရမည္။အေႏွာင့္အယွက္အတိုက္အခံမ်ားကို ရင္ဆိုင္စရာမလိုေတာ့။ျဖစ္လိုသည္တစ္မ်ိဳး ေဆာင္႐ြက္ေနရသည္ကတစ္မ်ိဳးႀကဳံမည္။သတင္းအခ်က္အလက္အမွားအယြင္းမ်ားအေပၚအေျခတည္၍ ဆုံးျဖတ္လုပ္ျခင္းမ်ား ေၾကာင့္ဆုံးရႈံးမႈႀကီးမားမည္။

အမ်ားကိစၥ၊ အဖြဲ႕အစည္းမ်ားတြင္တာဝန္ယူေဆာင္႐ြက္ရျခင္းမ်ား ႀကဳံေတြ႕လိမ့္မည္။ယာဥ္ကား၊ ေရာင္းမွားဝယ္မွားကိစၥမ်ား ၾကားဝင္ပတ္သက္ရမည္။သူတစ္ပါးေၾကာင့္ မိမိအႀကံအစည္မ်ား အပ်က္အစီးရွိမည္။ေဝးကြာေနသူမ်ားႏွင့္ ျပန္လည္ဆက္ဆံအက်ိဳးေပးမည္။ေမတၱာေရးကံေကာင္းမည္။အၿပိဳင္အဆိုင္ရန္အားလုံးကို ေက်ာ္လႊား၍အလိုဆႏၵျပည့္စုံမည္။ၿခံ၊ ကား၊ အခန္းကိစၥေျပာဆိုေဆာင္႐ြက္မႈအဆင္ေျပမည္။အရပ္ေဝးသို႔ ေလွ်ာက္ထားေသာအလုပ္ရမည္။တိုင္းတစ္ပါးသို႔ေလွ်ာက္ထားေသာေက်ာင္းဝင္ခြင့္ရကာ သံ႐ုံးဝင္ရေသာအဆင့္သို႔ေရာက္မည္။အမည္အတြင္း (အ၊ ဥ၊ ရ၊ လ၊ ၀)ပါသူမ်ားႏွင့္ပတ္သက္၍ နာမည္သိကၡာထိခိုက္မႈမ်ား ျဖစ္တတ္သည္။အမွားအယြင္းမ်ားႀကဳံႏိုင္သည္။

Please follow and like us:
error0