Cele Love

Daily Celebrity News

LEO (သိဟ်ရာသီဖွား) များအတွက် ဖေဖော်၀ါရီ ‌၁ရက်နေ့မှ ၁၅ရက်နေ့အထိ

ကိုယ့်အားကိုယ်ကိုးပြီး တစ်ကိုယ်တည်း ကြိုးစားလုပ်ကိုင်လေအောင်မြင်လေဖြစ်မည်။ဇွဲရှိခြင်းကြောင့် အောင်မြင်မှုရမည်။တစ်ပါးသူမှမနာလိုစိတ်နှင့် တိုက်ခိုက်နှောင့်ယှက်ခြင်းကိုကြုံမည်။ အာမခံခြင်း၊ ကြားဝင်တာဝန်ယူ အာမခံခြင်းမပြုရ။ပေါ်ပေါက်လာသော အခွင့်အရေးနှစ်ရပ်စလုံးကို အသုံးချ၍ အပြောင်းအလဲသစ်ဖြစ်မည်။ အတိုက်အခံ၊ အခက်အခဲများကို ဖြေရှင်းနိုင်မည်။ခရီးဝေး၊ အရပ်ဝေးနှင့်ဆက်သွယ်လုပ်သောကိစ္စမှ ထူးခြားစွာတိုးတက်မည်။ မရောက်ဖူးသောအရပ်ဒေသများသို့သွားရောက်ရခြင်းရှိမည်။စုပေါင်းတွဲဖက်လုပ်သောကိစ္စများမှကောင်းသောအကျိုးဆက်များရမည်။ အရာရာအဆင်ပြေ၍ အလိုပြည့်စုံခြင်း၊ စိတ်ချမ်းမြေ့ခြင်းများကြုံမည်။

လုပ်ရိုးလုပ်စဉ်မဟုတ်သောကိစ္စများကို ငြင်းပယ်၍မရဘဲ လုပ်ကိုင်ရမည်။ သူတစ်ပါးမလုပ်လိုသော အလုပ်ပိုကိစ္စပိုများ လုပ်ရမည်။အများကိစ္စ၊ အဖွဲ့အစည်းကိစ္စများဆောင်ရွက်ရန် အခါကောင်းကျရောက်သည်။ လူမှုရေးပြဿနာများဖြေရှင်းရမည်။ အထင်လွဲမှားခြင်းခံရမည်။မိသားစုနှင့်ပတ်သက်သော ကောင်းသတင်း၊ တိုးတက်မှုသတင်းကြုံမည်။အလုပ်စီးပွားများစနစ်တကျလုပ်၍ တိုးတက်မည်။ကာလအတန်ကြာ ခက်ခဲနေသည်များ ဖြေရှင်းနိုင်မည်။သူတစ်ပါးထံမှ ခေတ္တယူထားသော ပစ္စည်းအပျောက်အရှ၊ အပျက်အယွင်းရှိတတ်သည်။နေရာထိုင်ခင်းကိစ္စစကား ပြောဆိုရမည်။လူသစ်ဝန်းကျင်သစ်နှင့် ဆက်ဆံရမည်။မြှပ်နှံထားသောငွေကြေးပစ္စည်းတို့မှ အကျိုးအမြတ်ကောင်းရမည်။ မထင်မှတ်ထားသော အကြောင်းအခြင်းအရာများ ဆက်တိုက်ဖြစ်ပေါ်မည်။

သွားလေရာလာလေရာ အညံ့မကင်းမာန်တင်း၍ ဆက်ဆံသူများနှင့် တွေ့တတ်သည်။မိမိအမည်အား အလွဲသုံးစားပြုသူများနှင့်တွေ့တတ်သည်။ရန်အပြိုင်အဆိုင်များကိုကျော်လွှား၍ ရည်မှန်းချက်များ လက်တွေ့အကောင်အထည်ဖော်နိုင်မည်။ အပြောင်းအလဲဆောင်ရွက်ရန်အခါကောင်းကျရောက်သည်။ပျိုရွယ်သူများအဖို့ မိဘ၊ မိသားစုမှ လက်ခံခြင်းမရှိသောသူများအား မေတ္တာမျှမည်။ဆုံစည်းရန် မရှိသောသူများနှင့် ချစ်ကြိုက်မိမည်။အလုပ်စီးပွားတွင်လည်း ချောမွေ့ပြေလည်၍ အမြတ်အစွန်းရမည်။ အကြီးအကဲတို့ထံမှ အကြံဉာဏ်ကောင်းများရခြင်း၊ အထောက်အကူရခြင်းကြုံမည်။အလုပ်တွင်ချဲ့ထွင်ဆောင်ရွက်ထားသည်များမှအောင်မြင်ခြင်းကြုံမည်။ နာမည်ကောင်းသတင်းနှင့် ကျော်ကြားခြင်းများရှိမည်။

Zawgyi

ကိုယ့္အားကိုယ္ကိုးၿပီး တစ္ကိုယ္တည္း ႀကိဳးစားလုပ္ကိုင္ေလေအာင္ျမင္ေလျဖစ္မည္။ဇြဲရွိျခင္းေၾကာင့္ ေအာင္ျမင္မႈရမည္။တစ္ပါးသူမွမနာလိုစိတ္ႏွင့္ တိုက္ခိုက္ေႏွာင့္ယွက္ျခင္းကိုႀကဳံမည္။ အာမခံျခင္း၊ ၾကားဝင္တာဝန္ယူ အာမခံျခင္းမျပဳရ။ေပၚေပါက္လာေသာ အခြင့္အေရးႏွစ္ရပ္စလုံးကို အသုံးခ်၍ အေျပာင္းအလဲသစ္ျဖစ္မည္။ အတိုက္အခံ၊ အခက္အခဲမ်ားကို ေျဖရွင္းႏိုင္မည္။ခရီးေဝး၊ အရပ္ေဝးႏွင့္ဆက္သြယ္လုပ္ေသာကိစၥမွ ထူးျခားစြာတိုးတက္မည္။ မေရာက္ဖူးေသာအရပ္ေဒသမ်ားသို႔သြားေရာက္ရျခင္းရွိမည္။စုေပါင္းတြဲဖက္လုပ္ေသာကိစၥမ်ားမွေကာင္းေသာအက်ိဳးဆက္မ်ားရမည္။ အရာရာအဆင္ေျပ၍ အလိုျပည့္စုံျခင္း၊ စိတ္ခ်မ္းေျမ့ျခင္းမ်ားႀကဳံမည္။

လုပ္႐ိုးလုပ္စဥ္မဟုတ္ေသာကိစၥမ်ားကို ျငင္းပယ္၍မရဘဲ လုပ္ကိုင္ရမည္။ သူတစ္ပါးမလုပ္လိုေသာ အလုပ္ပိုကိစၥပိုမ်ား လုပ္ရမည္။အမ်ားကိစၥ၊ အဖြဲ႕အစည္းကိစၥမ်ားေဆာင္႐ြက္ရန္ အခါေကာင္းက်ေရာက္သည္။ လူမႈေရးျပႆနာမ်ားေျဖရွင္းရမည္။ အထင္လြဲမွားျခင္းခံရမည္။မိသားစုႏွင့္ပတ္သက္ေသာ ေကာင္းသတင္း၊ တိုးတက္မႈသတင္းႀကဳံမည္။အလုပ္စီးပြားမ်ားစနစ္တက်လုပ္၍ တိုးတက္မည္။ကာလအတန္ၾကာ ခက္ခဲေနသည္မ်ား ေျဖရွင္းႏိုင္မည္။သူတစ္ပါးထံမွ ေခတၱယူထားေသာ ပစၥည္းအေပ်ာက္အရွ၊ အပ်က္အယြင္းရွိတတ္သည္။ေနရာထိုင္ခင္းကိစၥစကား ေျပာဆိုရမည္။လူသစ္ဝန္းက်င္သစ္ႏွင့္ ဆက္ဆံရမည္။ျမႇပ္ႏွံထားေသာေငြေၾကးပစၥည္းတို႔မွ အက်ိဳးအျမတ္ေကာင္းရမည္။ မထင္မွတ္ထားေသာ အေၾကာင္းအျခင္းအရာမ်ား ဆက္တိုက္ျဖစ္ေပၚမည္။

သြားေလရာလာေလရာ အညံ့မကင္းမာန္တင္း၍ ဆက္ဆံသူမ်ားႏွင့္ ေတြ႕တတ္သည္။မိမိအမည္အား အလြဲသုံးစားျပဳသူမ်ားႏွင့္ေတြ႕တတ္သည္။ရန္အၿပိဳင္အဆိုင္မ်ားကိုေက်ာ္လႊား၍ ရည္မွန္းခ်က္မ်ား လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္မည္။ အေျပာင္းအလဲေဆာင္႐ြက္ရန္အခါေကာင္းက်ေရာက္သည္။ပ်ိဳ႐ြယ္သူမ်ားအဖို႔ မိဘ၊ မိသားစုမွ လက္ခံျခင္းမရွိေသာသူမ်ားအား ေမတၱာမွ်မည္။ဆုံစည္းရန္ မရွိေသာသူမ်ားႏွင့္ ခ်စ္ႀကိဳက္မိမည္။အလုပ္စီးပြားတြင္လည္း ေခ်ာေမြ႕ေျပလည္၍ အျမတ္အစြန္းရမည္။ အႀကီးအကဲတို႔ထံမွ အႀကံဉာဏ္ေကာင္းမ်ားရျခင္း၊ အေထာက္အကူရျခင္းႀကဳံမည္။အလုပ္တြင္ခ်ဲ႕ထြင္ေဆာင္႐ြက္ထားသည္မ်ားမွေအာင္ျမင္ျခင္းႀကဳံမည္။ နာမည္ေကာင္းသတင္းႏွင့္ ေက်ာ္ၾကားျခင္းမ်ားရွိမည္။

Please follow and like us:
error0