Cele Love

Daily Celebrity News

CAPRICORN (မကာရရာသီဖွား)များအတွက် ဖေဖော်၀ါရီ ‌၁ရက်နေ့မှ ၁၅ရက်နေ့အထိ

အဘက်ဘက်မှအဆင်ပြေ၍ လိုအင်ဆန္ဒမှန်သမျှထွန်းပေါက်အောင်လုပ်ဆောင်နိုင်မည်။မိသားစုတွင်ကောင်းသောသတင်းစကားကြားသိရမည်။အိုးအိမ်ပြင်ဆင်ခြင်း၊ ချဲ့ထွင်ခြင်းများ ဆောင်ရွက်အဆင်ပြေမည်။အပြောင်းအလဲနှင့် တိုးတက်မည်။ခရီးကိစ္စများ စီစဉ်ဆောင်ရွက်အောင်မြင်မည်။တစ်ပြိုင်နက်တည်းအလုပ်အခွင့်အရေးနှစ်မျိုးကို လက်တွေ့ဆောင်ရွက်၍ကောင်းသောအကျိုးဖြစ်ထွန်းမည်။ယှဉ်ပြိုင်ပြီးလုပ်သောကိစ္စများမှ ထူးခြားသောတိုးတက်မှုများဖြစ်ပေါ်မည်။အတိုက်အခံ၊ အနှောင့်အယှက်များ အခက်အခဲများလွှမ်းမိုးနေမည်။အနီးကပ်လူဒုက္ခပေးမည်။တဇွတ်ထိုးလုပ်ကိုင်ခြင်းများကြောင့်အမှားအယွင်းများကြုံတတ်သည်။

သစ်လွင်သော အယူအဆများနှင့် အလုပ်အကြံ အောင်မြင်မည်။ထူးခြားသောအပြောင်းအလဲများ ဖြစ်ပေါ်မည်။အခါတိုင်းနှင့်မတူတမူထူးထူးခြားခြားဆန်းသစ်၍လုပ်လိုသောရည်မှန်းချက်များပေါ်ထွန်းနေသည်။လူမျိုးကွဲ၊ လူမျိုးခြားနှင့်တိုက်ရိုက်ဆက်ဆံ လုပ်ကိုင်အောင်မြင်မည်။ခရီးသွား၍အကျိုးရှိမည်။လက်လွန်ဆုံးရှုံးထားသော ငွေကြေး၊ ပစ္စည်းများ ပြန်လည်ရရှိမည်။မူလစီစဉ်ထားသည်တို့ကို လုပ်ခြင်းထက် ရုတ်ချည်းဆုံးဖြတ်ချက်ချလုပ်ခြင်းမှ အလုံးစုံအဆင်ပြေမည်။ လုပ်နေဆဲကိစ္စမှန်သမျှ အရှိန်မြှင့်၍ အလျှင်အမြန်ဆောင်ရွက်ပါ။ကာလအရှည်ကြာ စုဆောင်းထားသောငွေကို အလုံးအခဲလိုက် သုံးစွဲရကိန်းရှိသည်။အတတ်ပညာနှင့်ပတ်သက်သော တတ်လမ်းများရရှိမည်။သူတစ်ပါးပြဿနာအရှုပ်အထွေးများကိုယ့်ထံပတ်သက်လာတတ်သည်။ရင်းနှီးသူများနှင့်စကားများရမည်။အိမ်တွင်းရေးပဋ္ဋိပက္ခများဖြစ်မည်။အထင်လွဲမှုများရှိမည်။

ကာလအတန်ကြာဝေးကွာနေသူများနှင့်ပြန်လည်ဆုံစည်းမည်။ ထူးခြားသောမင်္ဂလာပွဲများသို့သွားရောက်ရခြင်းရှိမည်။ အကြီးအကဲအကူအညီရရှိမည်။မှန်းထားသည့် ခရီးနှင့်မတူသော ခရီးသွားရမည်။ထူးခြားသော သတင်းကောင်းရရှိမည်။အပျက်အစီးအပျောက်အရှအကုန်အကျများမည်။မိမိဆောင်ရွက်ထားသောကိစ္စများအား ကောင်းသော အသိအမှတ်ပြုခံရမည်။ထူးခြားသော ကံအခွင့်အရေးကောင်းများပွင့်ပေါ်မည်။သဘာဝဘေးဥပဒ်ကြောင့် အပျက်အစီး၊ အလေအလွင့်များဖြစ်မည်။ရောင်းမှားဝယ်မှားဖြစ်မည်။လုပ်နေသောလုပ်ငန်းများ ရုတ်တရက်ရပ်တန့်မည်။မူလတွဲဖက်လုပ်သောသူတို့နှင့်လမ်းခွဲ၍အလုပ်သစ်ဖွဲ့စည်းကာအလုပ်ကိစ္စတို့ကိုဆောင်ရွက်ရမည်။အခက်အခဲအလုံးစုံကိုကျော်လွှား၍ အဆင့်မြင့်အောင်မြင်မှုကိုရမည်။အပြိုင်အဆိုင်၊ အတိုက်အခံများကိုကျော်လွှား၍ အဆင့်မြင့်အောင်မြင်မှုကိုရရှိမည်။ငွေကြေးဆုံးရှုံးထားသည်များ လက်ဝယ်ပြန်လည်ရရှိမည်။

Zawgyi

အဘက္ဘက္မွအဆင္ေျပ၍ လိုအင္ဆႏၵမွန္သမွ်ထြန္းေပါက္ေအာင္လုပ္ေဆာင္ႏိုင္မည္။မိသားစုတြင္ေကာင္းေသာသတင္းစကားၾကားသိရမည္။အိုးအိမ္ျပင္ဆင္ျခင္း၊ ခ်ဲ႕ထြင္ျခင္းမ်ား ေဆာင္႐ြက္အဆင္ေျပမည္။အေျပာင္းအလဲႏွင့္ တိုးတက္မည္။ခရီးကိစၥမ်ား စီစဥ္ေဆာင္႐ြက္ေအာင္ျမင္မည္။တစ္ၿပိဳင္နက္တည္းအလုပ္အခြင့္အေရးႏွစ္မ်ိဳးကို လက္ေတြ႕ေဆာင္႐ြက္၍ေကာင္းေသာအက်ိဳးျဖစ္ထြန္းမည္။ယွဥ္ၿပိဳင္ၿပီးလုပ္ေသာကိစၥမ်ားမွ ထူးျခားေသာတိုးတက္မႈမ်ားျဖစ္ေပၚမည္။အတိုက္အခံ၊ အေႏွာင့္အယွက္မ်ား အခက္အခဲမ်ားလႊမ္းမိုးေနမည္။အနီးကပ္လူဒုကၡေပးမည္။တဇြတ္ထိုးလုပ္ကိုင္ျခင္းမ်ားေၾကာင့္အမွားအယြင္းမ်ားႀကဳံတတ္သည္။

သစ္လြင္ေသာ အယူအဆမ်ားႏွင့္ အလုပ္အႀကံ ေအာင္ျမင္မည္။ထူးျခားေသာအေျပာင္းအလဲမ်ား ျဖစ္ေပၚမည္။အခါတိုင္းႏွင့္မတူတမူထူးထူးျခားျခားဆန္းသစ္၍လုပ္လိုေသာရည္မွန္းခ်က္မ်ားေပၚထြန္းေနသည္။လူမ်ိဳးကြဲ၊ လူမ်ိဳးျခားႏွင့္တိုက္႐ိုက္ဆက္ဆံ လုပ္ကိုင္ေအာင္ျမင္မည္။ခရီးသြား၍အက်ိဳးရွိမည္။လက္လြန္ဆုံးရႈံးထားေသာ ေငြေၾကး၊ ပစၥည္းမ်ား ျပန္လည္ရရွိမည္။မူလစီစဥ္ထားသည္တို႔ကို လုပ္ျခင္းထက္ ႐ုတ္ခ်ည္းဆုံးျဖတ္ခ်က္ခ်လုပ္ျခင္းမွ အလုံးစုံအဆင္ေျပမည္။ လုပ္ေနဆဲကိစၥမွန္သမွ် အရွိန္ျမႇင့္၍ အလွ်င္အျမန္ေဆာင္႐ြက္ပါ။ကာလအရွည္ၾကာ စုေဆာင္းထားေသာေငြကို အလုံးအခဲလိုက္ သုံးစြဲရကိန္းရွိသည္။အတတ္ပညာႏွင့္ပတ္သက္ေသာ တတ္လမ္းမ်ားရရွိမည္။သူတစ္ပါးျပႆနာအရႈပ္အေထြးမ်ားကိုယ့္ထံပတ္သက္လာတတ္သည္။ရင္းႏွီးသူမ်ားႏွင့္စကားမ်ားရမည္။အိမ္တြင္းေရးပဋၬိပကၡမ်ားျဖစ္မည္။အထင္လြဲမႈမ်ားရွိမည္။

ကာလအတန္ၾကာေဝးကြာေနသူမ်ားႏွင့္ျပန္လည္ဆုံစည္းမည္။ ထူးျခားေသာမဂၤလာပြဲမ်ားသို႔သြားေရာက္ရျခင္းရွိမည္။ အႀကီးအကဲအကူအညီရရွိမည္။မွန္းထားသည့္ ခရီးႏွင့္မတူေသာ ခရီးသြားရမည္။ထူးျခားေသာ သတင္းေကာင္းရရွိမည္။အပ်က္အစီးအေပ်ာက္အရွအကုန္အက်မ်ားမည္။မိမိေဆာင္႐ြက္ထားေသာကိစၥမ်ားအား ေကာင္းေသာ အသိအမွတ္ျပဳခံရမည္။ထူးျခားေသာ ကံအခြင့္အေရးေကာင္းမ်ားပြင့္ေပၚမည္။သဘာဝေဘးဥပဒ္ေၾကာင့္ အပ်က္အစီး၊ အေလအလြင့္မ်ားျဖစ္မည္။ေရာင္းမွားဝယ္မွားျဖစ္မည္။လုပ္ေနေသာလုပ္ငန္းမ်ား ႐ုတ္တရက္ရပ္တန႔္မည္။မူလတြဲဖက္လုပ္ေသာသူတို႔ႏွင့္လမ္းခြဲ၍အလုပ္သစ္ဖြဲ႕စည္းကာအလုပ္ကိစၥတို႔ကိုေဆာင္႐ြက္ရမည္။အခက္အခဲအလုံးစုံကိုေက်ာ္လႊား၍ အဆင့္ျမင့္ေအာင္ျမင္မႈကိုရမည္။အၿပိဳင္အဆိုင္၊ အတိုက္အခံမ်ားကိုေက်ာ္လႊား၍ အဆင့္ျမင့္ေအာင္ျမင္မႈကိုရရွိမည္။ေငြေၾကးဆုံးရႈံးထားသည္မ်ား လက္ဝယ္ျပန္လည္ရရွိမည္။

Please follow and like us:
error0