Cele Love

Daily Celebrity News

ARIES (မိဿရာသီဖွား)များအတွက် ဖေဖော်၀ါရီ ‌၁ရက်နေ့မှ ၁၅ရက်နေ့အထိ

အိုးအိမ်ကိစ္စ၊ နေရာထိုင်ခင်းကိစ္စအတွက် စကားများရမည်။ ခရီးသွားစဉ်ခါးပိုက်နှိုက်ခံရခြင်း၊ ပစ္စည်းပျောက်ခြင်းများဖြစ်တတ်သည်။ပေါ်ပေါက်လာသောစိတ်ကူးအကြံဉာဏ်တို့ကို လက်တွေ့ဆောင်ရွက်သင့်သည်။ အဆင့်မြင့်တာဝန်များ အောင်မြင်စွာဆောင်ရွက်နိုင်မည်။ဦးတည်လိုက်သောနေရာတိုင်းအနှောင့်အယှက်ရှိမည်။ကတိပျက်သူများနှင့်ကြုံမည်။ မိမိအမည်အား အလွဲသုံးစားပြုသူများနှင့်တွေ့တတ်သည်။ရန်အပြိုင်အဆိုင်များကိုကျော်လွှား၍ ရည်မှန်းချက်များ လက်တွေ့အကောင်အထည်ဖော်နိုင်မည်။ အပြောင်းအလဲဆောင်ရွက်ရန်အခါကောင်းကျရောက်သည်။ပျိုရွယ်သူများအဖို့ မိဘ၊ မိသားစုမှ လက်ခံခြင်းမရှိသောသူများအား မေတ္တာမျှမည်။ဆုံစည်းရန် မရှိသောသူများနှင့် ချစ်ကြိုက်မိမည်။

အလုပ်စီးပွားတွင်လည်း ချောမွေ့ပြေလည်၍ အမြတ်အစွန်းရမည်။ အကြီိးအကဲတို့ထံမှ အကြံဉာဏ်ကောင်းများရခြင်း၊ အထောက်အကူရခြင်းကြုံမည်။အလုပ်တွင်ချဲ့ထွင်ဆောင်ရွက်ထားသည်များမှအောင်မြင်ခြင်းကြုံမည်။ နာမည်ကောင်းသတင်းနှင့် ကျော်ကြားခြင်းများရှိမည်။
မောင်နှမသားချင်းကိစ္စများအတွက်စိတ်ပူရခြင်းရှိမည်။ ဥပဒေနှင့်မကင်းသောကိစ္စမှန်သမျှရှောင်ပါ။ အမှုအခင်းဖြစ်ကဖြေရှင်းရန်လွန်စွာခဲယဉ်း၏။မိသားစုတွင် အလုပ်တိုးတက်ခြင်း၊ စီးပွားတက်လမ်းပွင့်ခြင်းနှင့်အလိုဆန္ဒပြည့်စုံခြင်းတို့ရှိမည်။ ငွေကြေးကိစ္စများ ထူးခြားစွာအဆင်ပြေမည်။အကြီးအကဲကျန်းမာရေးအညံ့ရှိသည်။ ဆေးထိုးဆေးသောက်မှားယွင်းခြင်းများဖြစ်တတ်သည်။ မပေါ့အပ်။ လူမျိုးကွဲ၊လူမျိုးခြားများအကျိုးပေးသည်။ကိုယ်ပိုင်စိတ်ကူးကိုအသုံးချ၍ ပြတ်သားရဲဝံ့စွာလုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှုများစွာရမည်။ အကြံဉာဏ်သစ်များ လက်တွေ့အကောင်အထည်ဖော်နိုင်မည်။

လူတစ်ဖက်သား အကျိုးမဲ့အောင်လုပ်သူများနှင့် တွွေ့မည်။အပျော်အပါးဘက် အနည်းငယ်စိတ်သန်နေသည်။မဆင်ခြင်ဘဲဇွတ်လုပ်မှုကြောင့် အမှားတွေ့တတ်သည်။မထင်မှတ်ထားသော၊ မျှော်လင့်မထားသောအခက်အခဲများ ရုတ်တရက် ဝင်လာတတ်သည်။သူတစ်ပါးအပေါ်လွန်လွန်ကဲကဲ ကူညီခြင်း မပြုသင့်။ရရှိရန်မဖြစ်နိုင်တော့ဟူ၍ အဆုံးသတ်မှတ်ထားသော ငွေကြေး၊ ပစ္စည်းများပြန်ရမည်။ ရပိုင်ခွင့်များပြန်လည်တောင်းဆိုရန်အခါကောင်းကျရာက်သည်။စုပေါင်းတွဲဖက်လုပ်သောကိစ္စများမှကောင်းသောအကျိုးဆက်များရမည်။ အရာရာအဆင်ပြေ၍ အလိုပြည့်စုံခြင်း၊ စိတ်ချမ်းမြေ့ခြင်းများကြုံမည်။

Zawgyi

အိုးအိမ္ကိစၥ၊ ေနရာထိုင္ခင္းကိစၥအတြက္ စကားမ်ားရမည္။ ခရီးသြားစဥ္ခါးပိုက္ႏႈိက္ခံရျခင္း၊ ပစၥည္းေပ်ာက္ျခင္းမ်ားျဖစ္တတ္သည္။ေပၚေပါက္လာေသာစိတ္ကူးအႀကံဉာဏ္တို႔ကို လက္ေတြ႕ေဆာင္႐ြက္သင့္သည္။ အဆင့္ျမင့္တာဝန္မ်ား ေအာင္ျမင္စြာေဆာင္႐ြက္ႏိုင္မည္။ဦးတည္လိုက္ေသာေနရာတိုင္းအေႏွာင့္အယွက္ရွိမည္။ကတိပ်က္သူမ်ားႏွင့္ႀကဳံမည္။ မိမိအမည္အား အလြဲသုံးစားျပဳသူမ်ားႏွင့္ေတြ႕တတ္သည္။ရန္အၿပိဳင္အဆိုင္မ်ားကိုေက်ာ္လႊား၍ ရည္မွန္းခ်က္မ်ား လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္မည္။ အေျပာင္းအလဲေဆာင္႐ြက္ရန္အခါေကာင္းက်ေရာက္သည္။ပ်ိဳ႐ြယ္သူမ်ားအဖို႔ မိဘ၊ မိသားစုမွ လက္ခံျခင္းမရွိေသာသူမ်ားအား ေမတၱာမွ်မည္။ဆုံစည္းရန္ မရွိေသာသူမ်ားႏွင့္ ခ်စ္ႀကိဳက္မိမည္။

အလုပ္စီးပြားတြင္လည္း ေခ်ာေမြ႕ေျပလည္၍ အျမတ္အစြန္းရမည္။ အႀကီိးအကဲတို႔ထံမွ အႀကံဉာဏ္ေကာင္းမ်ားရျခင္း၊ အေထာက္အကူရျခင္းႀကဳံမည္။အလုပ္တြင္ခ်ဲ႕ထြင္ေဆာင္႐ြက္ထားသည္မ်ားမွေအာင္ျမင္ျခင္းႀကဳံမည္။ နာမည္ေကာင္းသတင္းႏွင့္ ေက်ာ္ၾကားျခင္းမ်ားရွိမည္။
ေမာင္ႏွမသားခ်င္းကိစၥမ်ားအတြက္စိတ္ပူရျခင္းရွိမည္။ ဥပေဒႏွင့္မကင္းေသာကိစၥမွန္သမွ်ေရွာင္ပါ။ အမႈအခင္းျဖစ္ကေျဖရွင္းရန္လြန္စြာခဲယဥ္း၏။မိသားစုတြင္ အလုပ္တိုးတက္ျခင္း၊ စီးပြားတက္လမ္းပြင့္ျခင္းႏွင့္အလိုဆႏၵျပည့္စုံျခင္းတို႔ရွိမည္။ ေငြေၾကးကိစၥမ်ား ထူးျခားစြာအဆင္ေျပမည္။အႀကီးအကဲက်န္းမာေရးအညံ့ရွိသည္။ ေဆးထိုးေဆးေသာက္မွားယြင္းျခင္းမ်ားျဖစ္တတ္သည္။ မေပါ့အပ္။ လူမ်ိဳးကြဲ၊လူမ်ိဳးျခားမ်ားအက်ိဳးေပးသည္။ကိုယ္ပိုင္စိတ္ကူးကိုအသုံးခ်၍ ျပတ္သားရဲဝံ့စြာလုပ္ကိုင္ျခင္းျဖင့္ ေအာင္ျမင္မႈမ်ားစြာရမည္။ အႀကံဉာဏ္သစ္မ်ား လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္မည္။

လူတစ္ဖက္သား အက်ိဳးမဲ့ေအာင္လုပ္သူမ်ားႏွင့္ ေတြြ႕မည္။အေပ်ာ္အပါးဘက္ အနည္းငယ္စိတ္သန္ေနသည္။မဆင္ျခင္ဘဲဇြတ္လုပ္မႈေၾကာင့္ အမွားေတြ႕တတ္သည္။မထင္မွတ္ထားေသာ၊ ေမွ်ာ္လင့္မထားေသာအခက္အခဲမ်ား ႐ုတ္တရက္ ဝင္လာတတ္သည္။သူတစ္ပါးအေပၚလြန္လြန္ကဲကဲ ကူညီျခင္း မျပဳသင့္။ရရွိရန္မျဖစ္ႏိုင္ေတာ့ဟူ၍ အဆုံးသတ္မွတ္ထားေသာ ေငြေၾကး၊ ပစၥည္းမ်ားျပန္ရမည္။ ရပိုင္ခြင့္မ်ားျပန္လည္ေတာင္းဆိုရန္အခါေကာင္းက်ရာက္သည္။စုေပါင္းတြဲဖက္လုပ္ေသာကိစၥမ်ားမွေကာင္းေသာအက်ိဳးဆက္မ်ားရမည္။ အရာရာအဆင္ေျပ၍ အလိုျပည့္စုံျခင္း၊ စိတ္ခ်မ္းေျမ့ျခင္းမ်ားႀကဳံမည္။

Please follow and like us:
error0