Cele Love
Daily Celebrity News
unicode
ဂျော်ဒန်ဆန်ချိုကိုပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွေ့ကြေးနဲ့ လက်မှတ်ရေးထိုးဖို့ရှေ့ကပြေးနေတဲ့ယူနိုက်တတ်
မန််ချက်စတာယူနိုက်တတ်အသင်းဟာဒေါ့မွန်အသင်းရဲ့လူငယ်ကြယ်ပွင့်ဆန်ချိုကိုခေါ်ယူဖို့ပရီးမီးယားလိဂ်ပြိုင်ဘက်လီပါပူးအသင်းနဲ့အပြိုင်ကျိုးပန်းလျှက်ရှိရာမှ ဆန်ချိုကိုခေါ်ယူနိုင်ရန်အခြေနေကောင်းနေတယ်လို့daily mailရဲ့သတင်းကဆိုပါတယ်။မန်ယူဟာဆန်ချိုအတွက်ပေါင်သန်း၁ဝဝကျော်လောက်သုံးစွဲမယ်လို့ဆိုပါတယ်။
ယူနိုက်တတ်ဟာပေါပေါ့ဘာကိုခေါ်ယူစဉ်ကလည်းပေါင်၈၉သန်းသုံးစွဲခဲ့ပြီးပရိမီးယားလိဂ်စံချိန်တင်ပြောင်းရွေ့ကြေးကိုအသုံးပြုခဲ့သလိုအခုလည်းနောက်တစ်ကြိမ်စံချိန်တင်ပါတော့မယ်။တယ်လီဂရပ်သတင်းစာကတော့ ဆန်ချိုလိုချင်တဲ့ တပါတ်လစာပေါင်၂ဝဝဝဝဝခန့်နဲ့ ဒေါ့မွန်အသင်းအလိုရှိနေတဲ့ပြောင်းရွေ့ကြေးပေါင်သန်း၁ဝဝခန့်ဟာယူနိုက်တတ်အတွက်ပြသနာမရှိဘူးဆန်ချိုဟာဒီရာသီမှာ ဘန်ဒက်လီဂါမှာ ၁၄ဂိုးသွင်းပြီးဖန်တီးမှု ၁၄ကြိမ် ရှိခဲ့တာကြောင့် လီပါပူးအသင်းကလည်းစိတ်ဝင်စားနေပါတယ်။
နည်းပြဆိုးရှားကတော့ အားနည်းနေတဲ့ ညာတောင်ပံကိုအားဖြည့်ရန်မဖြစ်မနေကျိုးစားနေပြီးဗီလာအသင်းမှ အသင်းခေါင်းဆောင်ဂရီးလစ်ကိုလည်းခေါ်ယူရန်စိတ်အားထက်သန်နေပါတယ်။စနေနေ့က ဖရင်းဘက်ကို ကျဉ်းမြောင်းတဲ့ရလဒ်နဲ့နိုင်ယူပြီးအနိုင်ဂိုးကိုသွင်းခဲ့တဲ့ဆန်ချိုကတော့ သူ့အနာဂတ်ကိုပြေကြားဖို့ငြင်းဆန်ခဲ့ပါတယ်။သူကကျွန်တော်အပြောင်းအရွေ့သတင်းတွေမကြည့်ပါဘူးကျွန်တော်ဒေါမွန်အသင်းအတွက်ဘဲအာရုံစိုက်ပြီးကစားနေပါတယ်။ကျွန်တော့်အတွက်ဒါအရေးကြီးဆုံးပါဘဲလို့ပြောခဲ့ပါတယ်။
Please follow and like us:
error0