Cele Love

Daily Celebrity News

အင်္ဂါ သားသမီးများအတွက် ဆရာစံဇာဏီဘို၏ ဖေဖော်၀ါရီ ၁၄ရက်နေ့မှ ၂၁ရက်နေ့အထိ ဟောစာတမ်း

သနား ၊ အားနာမှုကိုအခြေခံ၍ အချစ်ရေး ၊ ဆုံးဖြတ်ရကိန်းကြုံမည်။မေတ္တာရေးကံကောင်းမည်။ စိတ်ချမ်းမြေ့ဖွယ်ရာများ ဆက်တိုက်ဖြစ်မည်။ ဆုံးဖြတ်ရခက်လောက်အောင် ရွေးချယ်ရန် မေတ္တာလမ်းကြောင်းများ ဆက်တိုက် ပေါ်ထွန်းမည်။အခါတိုင်းထက်ပို၍အများတကာ၏စိတ်ဝင်စားမှုကိုခံယူရမည်။ရပ်တန့်ထားသောအချစ်ရေးကိစ္စများလည်းပြန်လည်ဆက်နွယ်မှုရှိလာမည်။အချစ်ရေးကံကောင်းစေရန်အလို့ငှါ ပန်းပွင့်များပါသော အင်္ကျီအဝတ်အထည်တို့ကိုဝတ်ဆင်ပါ။

အထင်မှားမှုများအပေါ် ဖြေရှင်းရင်း ပိုမိုရှုပ်ထွေးသော အနေအထားကျရောက်မည်။မိဘနှင့်အသိုင်းအဝိုင်း စကားအပေါ် နားဝင်သည့် ချစ်သူ၏ စိမ်းကားသော ဆက်ဆံမှုကို ကြုံမည်။အင်္ဂါနေ့တွင် ဝယ်ယူသော သော့တစ်ချောင်းအား အမြင့်တစ်နေရာတွင် ချိတ်ဆွဲထားပါ။ နှုတ်ထွက်ခါနီးစကားလုံးတို့ကိုထိန်းသိမ်း၍ုချောမောစွာပြောဆိုနိုင်ကအကျိုးကျေးဇူးများရပေအံ့။ထူးခြားသော စန်းပွင့်ခြင်းများရှိမည်။ရှေ့ရေးအတွက် ဦးစားပေး ဆုံးဖြတ်နိုင်မည်။

Zawgyi



Please follow and like us:
error0