အင်္ဂါ သားသမီးများအတွက် ဆရာစံဇာဏီဘို၏ ဖေဖော်၀ါရီ 21ရက်နေ့မှ 29ရက်နေ့အထိ ဟောစာတမ်း

ထူးခြားသော စန်းပွင့်ခြင်းများရှိမည်။ရှေ့ရေးအတွက် ဦးစားပေး ဆုံးဖြတ်နိုင်မည်။
အချစ်ကံကောင်း မေတ္တာရေးအဆင်ပြေမည်။မိမိအားအသုံးချခုတုံးလုပ်၍ အန္တရာယ်ပေးခြင်းများ၊ ပြုလိမ့်မည်။
အမှတ်တရဖြစ်လောက်သောကောင်းခြင်းများနှင့် အခြေအနေမြင့်မားစေသောကောင်းကျိုးများဖြစ်ပေါ်မည်။
အလုပ်အကြံအစည်များနှင့် ရည်ရွယ်ချက်အလုံးစုံကို ပံ့ပိုးပေးနိုင်သူများနှင့်တွေ့မည်။
အချစ်ဝိဉာဉ်ခရီးနှင်၍အနီးမှသူကိုကျော်၍အဝေးမှသူကိုမေတ္တာတွယ်ငင်ခြင်းကြုံမည်။
မိဘပတ်ဝန်းကျင် မိတ်ဆွေသင်္ဂဟမှအစ လက်ခံခြင်းမရှိသောသူနှင့် မိတ်ဖွဲ ့ဖြစ်မည်။
ဝေးကွာသောသူများနှင့် ပြန်လည်ဆုံဆည်းမည်။ပဋ္ဋိပက္ခအေးငြိမ်းမည်။အရေးကြီးသော ဆုံးဖြတ်ချက်များ ဆောင်ရွက်နိုင်မည်။
မွေးရပ်ကိုခွါ၍အရပ်တစ်ပါးသို ့ရောက်ရှိနေသူများစန်းပွင့်မည်။အချစ်ကံခေသူများပင်လျှင်လွန်စွာစန်းပွင့်မည်။
ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး ဆက်ဆံသူများနှင့်ကြုံမည်။မေတ္တာနှင့် ပျက်ယွင်းမှု အခြေအနေများရှိနေမည်။


Please follow and like us: