မြဝတီတွင် BGF ဗိုလ်မှူးဟောင်း၏ နေအိမ်တွင် မိုင်းပေါက်ကွဲ မှုဖြစ်ပွား

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးဘေး မင်းပုဒုံမာဝင်းရှိ BGF ဗိုလ်မှူးဟောင် တစ်ဦး၏ နေအိမ်တွင် ​ဖေဖော်ဝါရီလ ၃ ရက်​ နံနက် ရနာရီခွဲအချိန်ခန့်က မိုင်းနှစ်လုံး ​ပေါက်ကွဲ မှုဖြစ်ပွားရာ လူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်အဆိုပါမိုင်း ပေါက်ကွဲမှုမှာ အိမ်ရှင်ဖြစ်သူ BGF ဗိုလ်မှူးဟောင်း စောတင်မြင့်သည် အိမ်ရှေ့တွင်တွေ့ရသော အထုပ်ကို ကိုင်ပြီးလွှင့်ပစ်ရာမှ ပထမတစ်လုံး ​ပေါက်ကွဲ ပြီးနောက် စက္ကန် ့ပိုင်း အကြာတွင် နောက်တစ်လုံးပေါက်ကွဲ ခြင်း ဖြစ်​ကြောင်း ၄င်းကပြောကြားခဲ့သည်။

အိမ်ရှင် ​စောတင်မြင့်က”မနက်(၇ )နာရီ တံခါးလာဖွင့်တယ်၊အိမ်ရှေ့မှာအထုပ် ၂ထုပ်တွေ ့တယ်။ လွှင့်ပစ်မယ်လုပ်တော့ ထပေါက်တာ ၊နောက်ထပ်တစ်လုံးထပ်ကွဲတယ်၊အိမ်ကတော့ ကြေမွသွားတာ၊ ပထမဆုံးအလုံးကတော့ ပေါင်ကိုရှပ်ထ်ိတယ်၊ ဒုတိယ အလုံးကတော့ မေးကို နည်းနည်းထိတယ်။ အိမ်အရှေ့မျက်နှာစာတော့ ကြေမွသွားတယ်။သူငယ်ချင်းကတော့ ပထမတစ်လုံး ပေါက်တော့ စိုးရိမ်စိတ်နဲ့ပြေးလာတာ ၊ နောက်ထပ်ပေါက်လို့ ထိတာ ၊”ဟုပြောကြားခဲ့သည်။

အာရှလမ်းမကြီးဘေးရှိ မင်းပဒုံမာ ဝင်းနေအိမ်တွင် ပေါက်ကွဲမှု ဖြစ်ပွားကြောင်းသတင်းအရ မြဝတီခရိုင်ရဲတပ်ဖွဲမှူ း ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြို့နယ်ရဲတပ်ဖွဲ ့မှူး ရဲမှူး ​ကျော်သူရည်နှင့် ရဲတပ်ဖွဲ ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ နယ်ခြားစောင့်တပ်ဖွဲ ့ဝင်များ၊ တပ်မတော် ရှေ့တန်းမှူး ဗိုလ်မှူး ဖြိုးသူရဝင်း နှင့် တပ်မတော်သားများ သွားရောက်စစ်ဆေးခဲ့ကြသည်။

သက်ဆိုင်ရာတာဝန်ရှိသူများစစ်ဆေးရာ နေအိမ်ရှေ့ တွင်ပေါက်ကွဲမှုကြောင့်အိမ်ရှေ့ မျက်နှာစာ ပြတင်းမှန်များ ကွဲကြေမွသွားသလို စောတင်မြင့်၏ ဘယ်ဘက်ပေါင်၌ ဒဏ်ရာရရှိခဲ့သည်။ ပေါက်ကွဲသံကြောင့် ပြေးလာသူ ဦးစိန်လင်း တွင်လည်း ခြေသလုံးဒဏ်ရာရရှိခဲ့သည်။

ပေါက်ကွဲမှုကြောင့် စောတင်မြင့်အား မြဝတီခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူခဲ့ပြီး အတွင်း လူနာအဖြစ် ဆေးရုံတက်ရောက် ကုသမှုခံယူနေရကြောင်း သိရသည်။သက်ဆိုင်ရာမှ ပေါက်ကွဲမှု ဖြစ်ရသည့် အကြောင်းအရင်းအား ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။

ref:Eleven Media

Please follow and like us: