Cele Love

Daily Celebrity News

ဗုဒ္ဓဟူး သားသမီးများအတွက် ဆရာစံဇာဏီဘို၏ ဖေဖော်၀ါရီ ၁၄ရက်နေ့မှ ၂၁ရက်နေ့အထိ ဟောစာတမ်း

အသားလတ်၊ နှုတ်ခမ်းတွင်မှဲ့ပါ ချိုသာသောစကားကိုပြောကာသွားတက်ပါသူကကိုယ့်အသည်းကိုညက်ညက်ကျေအောင်ခွဲမည်။ ဘေးစကား သွေးသားများကြောင့် နှစ်ဦးအကြား အထင်မှား အမြင်မှား စကားအရှုပ် အထွေးများ ကြုံမည်။ကံကြမ္မာအခြေအနေ အလုံးစုံသည် စစ်မှန်သော ဖူးစာရှင်အား အနီးပါးသို့ ပို့ဆောင်နေသည်။နှလုံးသားထက် ဦးနှောက်၏ စေစားမှုကို အလေးထား၍ ဆုံးဖြတ်ခြင်းကိုပြုလိမ့်မည်။

စိတ်ရူးစိတ်မိုက်များကြုံကာ အမည်အတွင်း (အ၊ ဥ၊ စ၊ ဆ၊ ဇ) ပါသူနှင့် တွဲမိကာ အချစ်ပြဿနာများ ပိုမိုရှုပ်ထွေးနိုင်သည်။ထားရှိသော ချစ်ခြင်းမေတ္တာအပေါ် အခွင့်အရေးယူ၍ စိုးမိုးချုပ်ကိုင်မှုအား ရုန်းထွက်လိုမည်။အပြန်အလှန်နားလည်မှုနှင့် စိတ်ချမ်းမြေ့မှုများ ဖြစ်ထွန်းလာမည်။ဘဝအတွက် အရေးပါသော အိမ်ထောင်ရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်သည်။လူမျိုးကွဲ၊လူမျိုးခြားများနှင့်အလုပ်ကိစ္စ၊ အချစ်ကိစ္စများတွင် ဆက်နွယ်နေမည်။ကာလအတန်ကြာ မပြတ်မသားဖြစ်နေသော အချစ်ရေးကိစ္စတစ်ခုအား ပြတ်သား စွာ ဆုံးဖြတ်နိုင်သည်။

Zawgyi



Please follow and like us:
error0