Cele Love
Daily Celebrity News
ဗုဒ္ဓဟူးသားသမီးများအတွက် ဆရာစံဇာဏီဘို၏ ဖေဖော်၀ါရီ 21ရက်နေ့မှ 29ရက်နေ့အထိ ဟောစာတမ်း
လူမျိုးကွဲ၊လူမျိုးခြားများနှင့်အလုပ်ကိစ္စ၊ အချစ်ကိစ္စများတွင် ဆက်နွယ်နေမည်။ကာလအတန်ကြာ မပြတ်မသားဖြစ်နေသော အချစ်ရေးကိစ္စတစ်ခုအား ပြတ်သား စွာ ဆုံးဖြတ်နိုင်သည်။
ချစ်သူ၏ခြေလှမ်းမှားမှုများ၊ဆက်ဆံမှုစိမ်းကားခြင်းများအပေါ်ရင်နင့်စွာ ခံစားရကိန်းရှိသည်။
ချစ်သူမှ အခြားသူတစ်ဦးတစ်ယောက်အပေါ် စိတ်အာရုံညွှတ်နေသည်။စိမ်းကားသောစကားများကို ဆိုရမည်။
အနီးအပါးမှသူနှင့် မေတ္တာကံပွင့်မည်။အငြင်းအခုံပြုခြင်း၊ ဆင်ခြေပေးခြင်းဖြင့် အမှန်တရားကို ဖုံးကွယ်မှုအားကြုံမည်။
ရည်ငံသူရှိနေသည့်အပြင် ထပ်မံချစ်ကျွမ်းဝင်စရာများ တိုးပွားမည်။မထင်မှတ်ထားသော ဘဝကံကြမ္မာ အပြောင်းအလဲကြုံမည်။
မျက်နှာသွယ်၍ နှာခေါင်းဘေးမှဲ့ရှိကာသွားစွယ်သွားတက်ပါသူသည်ကောင်းကျိုးပြုအဖော်မွန်ဖြစ်မည်။
နှုတ်ခမ်းထူသော သူ၏ စကားရှုပ်ထွေးမှု ကြောင့် စိတ်အနှောက်အယှက်များမည်။စံပယ်ပန်း(၃၈)ပွင့်ကိုကိုယ်တိုင်သီကုံး၍မိမိနံဘေးအမြင့်တစ်နေရာတွင်ချိတ်ဆွဲပါ။သုံးရက်ဆက်တိုက်ဆောင်ရွက်ပါ။
အသွားအလာများရာမှ ရုတ်တရက် အိမ်ထောင််ကျတတ်သည်။လူမျိုးဘာသာကွဲနှင့် မေတ္တာမျှသူများအဖို့ နှစ်ဦးကြား ပေါ်ပေါက်နေသော အညံ့အဆိုးများ ပပျောက်သွားမည်။
မေတ္တာရေးနှင့် ပတ်သက်သော အပူသောက မှန်သမျှကင်းဝေးနိုင်သည်။အချစ်နှင့်ပတ်သက်သော အတွေ့အကြုံသစ်များရရှိမည်။
Please follow and like us:
error0