Cele Love

Daily Celebrity News

ထိုင္းထီ ဘတ္သိန္း(၆၀) ကံထူးခဲ့တဲ့တာခ်ီလိတ္ခရိုင္ ရဲတပ္ဖြဲ႕မႉး႐ုံးမွ အၿငိမ္းစားရဲတပ္ၾကပ္ႀကီး

ျမန္မာ – ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ အၿငိမ္းစား ရဲတပ္ၾကပ္ႀကီးတစ္ဦးသည္ ၂၀၂၀ ခုႏွစ္၊ မတ္လ (၁)ရက္ေန႔က ဖြင့္သည့္ ထိုင္းထီဆုမွ ဘတ္သိန္း (၆၀)ဆုကို ဆြတ္ခူးရရွိသြားသည္။
ထီကေတာ့ ဒီလိုပဲ အျမဲတမ္းထိုးဖူးတယ္။ ျမန္မာထီကေတာ့ မထိုးျဖစ္ဘူး။
ထိုင္းထီက (၁၅)ရက္တစ္ခါဆိုေတာ့ ထိုင္းထီ ထိုးျဖစ္တယ္။ ၿပီးခဲ့တဲ့ႏွစ္က တစ္ေခါက္ ဘတ္ေလးေသာင္းေပါက္ဖူးေသးတယ္။ထီက ထိုးေတာ့ ထိုးေပမဲ့ မေပါက္တာမ်ားေတာ့ ေမၽွာ္ေတာ့ မေမၽွာ္ပါဘူး။ ဒီေန႔ သားက လွမ္းေျပာေတာ့ အေဖ ထီဆုႀကီး ေပါက္တယ္ဆိုမွ သိတယ္။
ထီေပါက္တယ္ဆိုေတာ့ ေပ်ာ္တာေပါ့။ အလႉလုပ္ဖို႔ကလြဲလို႔ က်န္တာေတာ့ မစဥ္းစားမိဘူး။ ကၽြန္ေတာ္ေရာ အမ်ိဳးသမီးကေရာ မိတၳီလာကဆိုေတာ့ အဲဒီဘက္မွာလည္း လႉမယ္။ဦးေလးတို႔ သားသမီး(၇)ဦးလုံးက မိသားစုေတြေရာ ေျမးေတြေရာ ဒီမွာအကုန္ရွိေတာ့ စုေပါင္းလႉၾကမယ္”ဟု ထီဆုေပါက္သည့္ အၿငိမ္းစား ရဲတပ္ၾကပ္ႀကီး ဦးေအာင္ခ်စ္က မတ္လ(၁)ရက္ေန႔ ညပိုင္းက ေျပာသည္။

ထိုင္းနိုင္ငံမွ ထီဆုကို မည္သည့္နိုင္ငံသားမဆို ထုတ္ယူခြင့္ရွိေသာ္လည္း နိုင္ငံျဖတ္ေက်ာ္ ေငြေၾကးသယ္ယူရန္ကိစၥမ်ား ပါဝင္သျဖင့္ ထီေပါက္သူမိသားစုက ထီဆုထုတ္ယူနိုင္ေရးအတြက္ ျမန္မာ – ထိုင္း နယ္ျခားေကာ္မတီ (TBC) အား အကူအညီေတာင္းခံ သြားမည္ျဖစ္ေၾကာင္း သိရသည္။ဦးေလးတို႔က ဘာမွ သိပ္မသိဘူး။ အဲဒီေတာ့ နယ္ျခားေကာ္မတီကို အကူအညီေတာင္းမယ္”ဟု ထီဆုေပါက္သည့္ အၿငိမ္းစား ရဲတပ္ၾကပ္ႀကီး ဦးေအာင္ခ်စ္က ေျပာသည္။
ဦးေအာင္ခ်စ္သည္ ၁၉၉၁ ခုႏွစ္မွစ၍ တာခ်ီလိတ္ခရိုင္ ဝမ္ပုံနယ္ေျမရဲစခန္း၌ တာဝန္က်ၿပီးခ်ိန္မွစ၍ တာခ်ီလိတ္ၿမိဳ႕၌ အေျခခ်ေနထိုင္လာခဲ့ျခင္းျဖစ္ၿပီး ၂၀၀၈ ခုႏွစ္၊ တာခ်ီလိတ္ခရိုင္ ရဲတပ္ဖြဲ႕မႉး႐ုံးမွ ရဲတပ္ၾကပ္ႀကီးအျဖစ္ လုပ္သက္ (၃၃)ျပည့္ အၿငိမ္းစားယူထားသူျဖစ္ေၾကာင္း သိရသည္။

နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္တြင္ ျမန္မာထီအျပင္ အိမ္နီးခ်င္းနိုင္ငံမ်ားျဖစ္သည့္ ထိုင္းႏွင့္ လာအိုနိုင္ငံမွ ထီဆုကို ကံစမ္းသူအမ်ားအျပားရွိေနျခင္းျဖစ္သည္။

unicode

ထိုင်းထီ ဘတ်သိန်း(၆၀) ကံထူးခဲ့တဲ့တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ အငြိမ်းစားရဲတပ်ကြပ်ကြီး

မြန်မာ – ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် အငြိမ်းစား ရဲတပ်ကြပ်ကြီးတစ်ဦးသည် ၂၀၂၀ ခုနှစ်၊ မတ်လ (၁)ရက်နေ့က ဖွင့်သည့် ထိုင်းထီဆုမှ ဘတ်သိန်း (၆၀)ဆုကို ဆွတ်ခူးရရှိသွားသည်။
ထီကတော့ ဒီလိုပဲ အမြဲတမ်းထိုးဖူးတယ်။ မြန်မာထီကတော့ မထိုးဖြစ်ဘူး။
ထိုင်းထီက (၁၅)ရက်တစ်ခါဆိုတော့ ထိုင်းထီ ထိုးဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်က တစ်ခေါက် ဘတ်လေးသောင်းပေါက်ဖူးသေးတယ်။
ထီက ထိုးတော့ ထိုးပေမဲ့ မပေါက်တာများတော့ မျှော်တော့ မမျှော်ပါဘူး။ ဒီနေ့ သားက လှမ်းပြောတော့ အဖေ ထီဆုကြီး ပေါက်တယ်ဆိုမှ သိတယ်။ထီပေါက်တယ်ဆိုတော့ ပျော်တာပေါ့။ အလှူလုပ်ဖို့ကလွဲလို့ ကျန်တာတော့ မစဉ်းစားမိဘူး။ ကျွန်တော်ရော အမျိုးသမီးကရော မိတ္ထီလာကဆိုတော့ အဲဒီဘက်မှာလည်း လှူမယ်။ဦးလေးတို့ သားသမီး(၇)ဦးလုံးက မိသားစုတွေရော မြေးတွေရော ဒီမှာအကုန်ရှိတော့ စုပေါင်းလှူကြမယ်”ဟု ထီဆုပေါက်သည့် အငြိမ်းစား ရဲတပ်ကြပ်ကြီး ဦးအောင်ချစ်က မတ်လ(၁)ရက်နေ့ ညပိုင်းက ပြောသည်။

ထိုင်းနိုင်ငံမှ ထီဆုကို မည်သည့်နိုင်ငံသားမဆို ထုတ်ယူခွင့်ရှိသော်လည်း နိုင်ငံဖြတ်ကျော် ငွေကြေးသယ်ယူရန်ကိစ္စများ ပါဝင်သဖြင့် ထီပေါက်သူမိသားစုက ထီဆုထုတ်ယူနိုင်ရေးအတွက် မြန်မာ – ထိုင်း နယ်ခြားကော်မတီ (TBC) အား အကူအညီတောင်းခံ သွားမည်ဖြစ်ကြောင်း သိရသည်။ဦးလေးတို့က ဘာမှ သိပ်မသိဘူး။ အဲဒီတော့ နယ်ခြားကော်မတီကို အကူအညီတောင်းမယ်”ဟု ထီဆုပေါက်သည့် အငြိမ်းစား ရဲတပ်ကြပ်ကြီး ဦးအောင်ချစ်က ပြောသည်။
ဦးအောင်ချစ်သည် ၁၉၉၁ ခုနှစ်မှစ၍ တာချီလိတ်ခရိုင် ဝမ်ပုံနယ်မြေရဲစခန်း၌ တာဝန်ကျပြီးချိန်မှစ၍ တာချီလိတ်မြို့၌ အခြေချနေထိုင်လာခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ကြပ်ကြီးအဖြစ် လုပ်သက် (၃၃)ပြည့် အငြိမ်းစားယူထားသူဖြစ်ကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် မြန်မာထီအပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် လာအိုနိုင်ငံမှ ထီဆုကို ကံစမ်းသူအများအပြားရှိနေခြင်းဖြစ်သည်။

Please follow and like us:
error0