Cele Love

Daily Celebrity News



 

 



တိရစ္ဆာန်တွေ သေကြောင်းကြံတဲ့အထိ ခိုင်းစားနေတယ် လို့ စွပ်စွဲခံနေရတဲ့ နေခြည်ဦး

ပရိသတ်ကြီးရေ ၊ အားလုံး က ချစ်ကြတဲ့ ပြည်သူ့အချစ်တော် ဗြူးတီးဘလော့ဂါ ၊ မင်းသမီး လေး နေခြည်ဦး ကတော့ နုပျို လင်းလက်နေတဲ့ ကြယ်တပွင့် အဖြစ် ရပ်တည်နေဆဲဆိုတာဘယ်သူမှ မငြင်းနိုင်ကြပါဘူး ။ အခုတစ်ခေါက်မှာတော့ နေခြည်ဦးကိုယ်တိုင် အုပ်ချုပ်နေတဲ့ စိမ်းလဲ့တင် နဲ့ ပတ်သက်တဲ့ အပုပ်သတင်း တစ်ခု လူမှုကွန်ရက်ပေါ်ကို ပျံ့နှံ့လာပါတယ် ။

စိမ်းလဲ့တင်ဟာ တိရိစ္ဆာန်တွေကို ပြသရုံသာမက အလွန်အမင်း ခိုင်းစားနေတယ်ဆိုပြီး စိမ်းလဲ့တင်ကို သွားရောက်လည်ပတ်ခဲ့သူတစ်ယောက်က လူမှုကွန်ရက်ပေါ်ကနေဖွင့်ချလာပါတယ်။ တိရစ္ဆာန်တွေဟာ စိတ်ဆင်းရဲမှုတွေကြောင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်မှုတွေရှိလာနေသလို ကျားတောင်မှ လှောင်အိမ်ထဲမှာ ကျားဝဲစားဘဝကို ရောက်ရှိနေရတယ်လို့ဆိုပါတယ် ။ တိရစ္ဆာန်တွေကို ကျွေးမွေးရတဲ့အစာ စရိတ်တွေ ကြီးမြင့်နေတာတောင် တိရစ္ဆာန်တွေခမျာ အသွေးအရောင် မပြောင်တဲ့ ဘဝကို ရောက်ရှိနေတယ်လို့ ဆိုပါတယ် ။

တိချစ်သူတွေကတော့ အဆိုပါကိစ္စ ကိုပေါက်ကွဲနေကြပြီး နေခြည်ဦးရဲ့ အကောင့်အောက် မှာ သွားရောက်ကာ အဆိုပါကိစ္စ ကို ဖြေရှင်းပေးဖို့တောင်းဆိုနေကြပေမယ့် နေခြည်ဦးကတော့ အလှပုံတွေတင်နေတာကလွဲရင် ဒီကိစ္စ ကို ပြန်လည်အဖက်လုပ်ဖြေရှင်းတာ မရှိသေးပါဘူး ။ပရိသတ်ကြီးရေ ကျားဝဲစားတဲ့အထိ တိရစ္တာန်တွေကို ခိုင်းစားနေတဲ့ နေခြည်ဦးတို့ မိသားစုအတွက် မှတ်ချက်လေးတွေပေးခဲ့ကြပါဦး ။
Source – Wyne Wyne / Nay Chi Oo

Please follow and like us:
error0