Cele Love

Daily Celebrity News





unicode

တရယ်ဇွန်စပေါ့တိုက်စစ်မှူးအလက်ဇန္ဒားဆိုးရော့ကိုကင်းထောက်တွေစေလွှတ်ပြီးစောင့်ကြည့်နေပြန်တဲ့ယူနိုက်တတ်

ယူနိုက်တတ်အသင်းဟာ တိုက်စစ်အင်အားဖြည့်တင်းဖို့အတွက်တူရကီစူပါလိဂ်တရက်ဇွန်စပေါ့အသင်းတိုက်စစ်မှူးဆိုးရော့ကိုစောင့်ကြည့်နေပါတယ်။ဆိုးရော့ဟာခရစ္စတယ်ပဲ့‌လေ့အသင်းကနေတူရကီးအသင်းကိုအငှားချထားတဲ့ကစားသမားပါ။
သူ့ရဲ့ပရီးမီးယားလိဂ်ကစားသမားဘဝမှာတော့အောင်မြင်မှုမရခဲ့ဘဲ၁၆ပွဲသာကစားခဲ့ရပြီး သွင်းဂိုးလည်းမရှိခဲ့ပါဘူး။ဒါကြောင့် ပဲလေ့အသင်းကသူ့ကိုတူရကီကလပ်ထံအငှားချခဲ့ရာမှာတော့ သူ့ရဲ့အောင်မြင်တဲ့နေ့ရက်တွေဖြစ်လာပါတယ်။

ဒီအသက်၂၄နှစ်အရွယ်နော်ဝေသားတိုက်စစ်မှူးဟာ တရက်ဇွန်စပေါ့မှာ ၂၃ပွဲကစား၁၉ဂိုးသွင်းယူထားပြီး တူရကီလိဂ်ရဲ့ဂိုးသွင်းသူစာရင်းကိုဦးဆောင်ထားပါတယ်။သူဟာပဲလေ့အသင်းကိုပေါင်၉သန်းကျော်နဲ့ပြောင်းလာပေမယ့် ဒီနွေဈေးကွက်မှာတော့သူ့ကိုခေါ်ယူမယ်ဆိုပေါင်၆သန်းလောက်နဲ့ရမယ့်သဘောရှိနေပါတယ်။ထရက်ဇွန်အသင်းက the sunသတင်းစာကိုပြောကြားရာမှာသူ့ကိုဒီနွေရာသီမှာပေါင်၆သန်းနဲ့အပြီးသတ်စာချုပ်ချုပ်ခေါ်ယူမယ်လို့ဆိုပါတယ်။

ဆိုးလ်ရော့ကလည်းမကြာသေးမီကသူ့ကိုပရီးမီးယားထိပ်သီးအသင်းကစိတ်ဝင်စားကြောင်းအသိအမှတ်ပြုခဲ့သည်။
သူက ‘ငါကောလာဟလတွေကြားနေရတာအများကြီးပါ၊ စိတ်ဝင်စားတဲ့အသင်းတွေအကြောင်းလည်းအေးဂျင့်ကသတင်းပို့နေတုန်းပဲ။
ဒါပေမယ့်ကျွန်တော်ဟာ အခုချိန်မှာTrabzonspor အတွက်သာအာရုံစိုက်နေပါတယ်၊ ဒီအသင်းဟာစိတ်ဓာတ်ပြင်းပြနေပြီးအမြဲအနိုင်ယူချင်နေတာပါဒီဟာကကောင်းတဲ့အရာပါ၊ ကျွန်တော်တို့ဟာအမြင့်ဆုံးအဆင့်မှာကစားနိုင်ပြီးအသင်းဟာတကယ်ကိုအတူတကွစုစည်းထားတာပါ။အခုအချိန်မှာအပြောင်းအရွေ့တွေမပြောချင်ပါဘူး အဲ့ဒါဟာမကောင်းပါဘူးဒီအကြောင်းတွေ ငါမပြောပါဘူး ဟုဆိုခဲ့ပါတယ်။

Please follow and like us:
error0