Cele Love

Daily Celebrity News

တနင်္လာ သားသမီးများအတွက် ဆရာစံဇာဏီဘို၏ ဖေဖော်၀ါရီ ၁၄ရက်နေ့မှ ၂၁ရက်နေ့အထိ ဟောစာတမ်း

မိမိအခန်းအတွင်းခေါင်းရင်းတစ်ဖက်တစ်ချက်တွင်ဖရိုဖရဲဖြစ်နေသောပစ္စည်းများကိုသန့်ရှင်းသပ်ရပ်စွာထားပါ။အသားလတ် မျက်နှာဝိုင်း၍ မျက်ခုံးထူသောသူနှင့် အချစ်ရေးကိစ္စများကြုံမည်။မရည်ရွယ်ဘဲ သွားလိုက်သော ခရီးတစ်ခုသည် ရှိရင်းစွဲအချစ်ရေးကိစ္စအား အပြောင်းအလဲဖြစ်စေမည်။ဖြစ်ပေါ်နေသော ပဋ္ဋိပက္ခပြဿနာများ ဖြေရှင်းနိုင်မည်။လူမျိုးကွဲလူမျိုးခြားများနှင့်မေတ္တာမျှနေသူများအဖို ့အညံ့ကင်းစင်မည်။နှုတ်ခမ်း သို့မဟုတ် ပါးတွင်မှဲ့ပါသောသူကြောင့် မေတ္တာရေးတွင် စိတ်အနှောင့်အယှက်ကြုံမည်။

ရုတ်တရက်ဆုံးဖြတ်၍ လုပ်ကိုင်သောကိစ္စများမှ ထူးခြားစွာတိုးတက်မည်။ဘဝရည်ရွယ်ချက်နှင့် လိုအင်ဆန္ဒတို့ကို ပြည့်စုံငြိမ်းချမ်းစေသော အချစ်ရေးကိစ္စကိုလည်း ကြုံမည်။လူမျိုးကွဲ၊ ဘာသာကွဲနှင့် ပတ်သက်၍စိတ်ချမ်းမြေ့စရာများကြုံမည်။ရှေ့ရေးအနာဂတ်လမ်းပေါ် လျှောက်လှမ်းနိုင်မည်။ လူချစ်လူခင်ပေါများမည်။စစ်မှန်သော မေတ္တာကံ ပေါ်မည်။ သက်သက်လွတ် မုန့်ဟင်းခါးကိုဘူးသီးကြော်နှင့်တွဲ၍ သူတစ်ပါးအား ဝေငှပါ။မကောင်းသည့်အနှောင့်အယှက်ဆိုးများနှင့်လှည့်စားတတ်သူများ ၊ မိမိအနီးပါးမှ ကင်းစင်မည်။

Zaw Gyi



Please follow and like us:
error0