တနင်္လာသားသမီးများအတွက် ဆရာစံဇာဏီဘို၏ ဖေဖော်၀ါရီ 21ရက်နေ့မှ 29ရက်နေ့အထိ ဟောစာတမ်း

မကောင်းသည့်အနှောင့်အယှက်ဆိုးများနှင့်လှည့်စားတတ်သူများ ၊ မိမိအနီးပါးမှ ကင်းစင်မည်။
တည်ငြိမ်အေးချမ်းသော မေတ္တာရေးကိစ္စများ ပေါ်ထွန်းမည်။အခါတိုင်းတွင်အလွန်စန်းပွင့်သောသူများချစ်သူရှားပါးမည်။
မူလတစ်ကြိမ်တစ်ခါမှ ကြုံတွေ ့ခံစားဖူးခြင်းမရှိသောရင်ခုန်လှုပ်ရှားမှုများနှင့် အချစ်ရေးရာကိစ္စများကြုံမည်။
အမည်အတွင်း (အ ၊ ဥ ၊ က ၊ ခ)ပါသူများနှင့် ဝေးကွာနေရာမှပြန်လည်ဆုံရမည်။ဘဝရည်ရွယ်ချက်နှင့် လိုအင်ဆန္ဒတို့ကို ပြည့်စုံငြိမ်းချမ်းစေသော အချစ်ရေးကိစ္စကိုလည်း ကြုံမည်။
အသည်းကွဲရခြင်းများရှိမည်။လူလိမ်လူကောက်များ၏ လှည့်စားမှု ခံရတတ်သည်။နှလုံးသားအတွင်းတစ်ပြိုင်နက်တည်းအလုအယက်ဝင်လာသောသံယောဇဉ်နှောင့်ဖွဲ့မှုများအပေါ်ဝေခွဲရခက်မည်။
မျက်လုံးပြူးပြူး၊ နှုတ်ခမ်းထူထူ၊ ခပ်ဝ၀၊ ရှိသူစကားရှုှုပ်၍ အချစ်ပြဿနာများဖြေရှင်းရမည်။
ပီယစန်းကောင်း၍ ချစ်သူဝိုင်းဝိုင်းလည်နေသော အနေအထား ကျရောက်မည်။ချစ်ကံကောင်းသောနေ ့ဖြစ်သည်။
ပြည်ပခရီးသွားခြင်းအပေါ်အခြေတည်၍ နှစ်ဦးကြားစကားများပဋိပက္ခဖြစ်ခြင်းများဖြစ်တတ်သည်။
လက်စွပ်ဖြစ်စေ၊ နာရီဖြစ်စေ ဝတ်နေကျ မဟုတ်သော အခြားလက်သို့ ကူးပြောင်း ဝတ်ဆင်ပါ။

မျက်လုံးပြူးပြူး၊ နှုတ်ခမ်းထူထူ၊ ခပ်ဝ၀၊ ရှိသူစကားရှုပ်၍ အချစ်ပြဿနာများဖြေရှင်းရမည်။

 

Please follow and like us: