တနင်္ဂနွေ သားသမီးများအတွက် ဆရာစံဇာဏီဘို၏ ဖေဖော်၀ါရီ 21ရက်နေ့မှ 29ရက်နေ့အထိ ဟောစာတမ်း
ချစ်သူဟောင်း၊ သံယောဇဉ်ဟောင်းတို့ကို စွက်ဖက် ဒုက္ခပေးခြင်းကြောင့် အချစ်ရေး၊ မေတ္တာရေး ပြဿနာ ဖြစ်တတ်သည်။
အချစ်ကန္တာရခရီးလမ်းသို့ ဦးတည်လှမ်းရကိန်းကြုံမည်။မာနနှင့်လှမ်းရကိန်းကြုံမည်။
မိသားစုနှင့် ချစ်သူအကြားအပြန်အလှန်ဖြစ်သော ပြဿနာများရှိမည်။ ပဋ္ဋိပက္ခ ဖြစ်မည်။
အမည်တွင်( တ၊ ထ၊ န) ပါသူများကို ရွေးချယ်ခြင်းငှာမသင့်။ချစ်ရေးဆို အဖြေပေးခြင်းနှင့် ဆက်နွယ်သော ဆုံးဖြတ်ချက်မှန်သမျှ မှန်ကန်မည်။
ပေါ်ပေါက်လာသောမေတ္တာတို့သည် ကြည်နူးမှုအပေါင်းနှင့် ဖြစ်ပေါ်မည်။ဘဝအတွက် အရေးပါသောအဖော်မွန်ကို ရွေးချယ်နိုင်မည်။
အရပ်တစ်ပါးနိုင်ငံရပ်ခြားမှသူနှင့် မေတ္တာရေးကိစ္စ ပေါ်ထွန်းမည်။မေတ္တာရေးနှင့် ပတ်သက်၍ တွေးခေါ်သုံးသပ်၊ ဆုံးဖြတ်ချက်များ မှန်ကန်မည်။
မေတ္တာရေးကိစ္စများ အဆင်ပြေချောမွေ့မည်။ အညံ့အဆိုးမှန်သမျှ ကင်းဝေးသွားမည်။ဘဝတစ်သက်တာလက်တွဲနိုင်သောသူနှင့် ကြုံမည်။
ခရီးကိစ္စနှင့် အချစ်ရေးပေါင်းစပ်ဖြစ်ပေါ်မည်။ယှဉ်လာသောသူများကို အနိုင်ယူနိုင်မည်။တားဆီးချုပ်ချယ်မှုကို အခြေတည်သော အကြောင်းအရာမှန်သမျှအပေါ် ထိုးဖောက်ထွက်တတ်သည်။
ချစ်သူ၏အလေးမထားမှု၊အချိန်မပေးမှုနှင့်မကြာခဏမျက်မှောက်အောက်ပျောက်ကွယ်မှုကိုတစ်စစကြုံတွေ့ရမည်။
Please follow and like us: