Cele Love

Daily Celebrity News

တနင်္ဂနွေ သားသမီးများအတွက် ဆရာစံဇာဏီဘို၏ ဖေဖော်၀ါရီ ၁၄ရက်နေ့မှ ၂၁ရက်နေ့အထိ ဟောစာတမ်း

ပီယကံလွန်စွာကောင်းနေသည်။ ချစ်သူအဟောင်းနှင့် ချစ်သူအသစ်နှစ်ဦးအကြား ဗျာများရကိန်းဆိုက်သည်။နှုတ်ခမ်းမှဲ့ပါ၍ စကားနည်းကာ အသားလတ်သူကြောင့် ဖြစ်ပေါ်နေသောပဋိပက္ခများငြိမ်းချမ်းသွားမည်။ အညံ့အဆိုးမှန်သမျှ ကင်းဝေးသွားမည်။အထင်မှား အမြင်မှား စကားအရှုပ် အထွေးများ ကြုံမည်။အခန်းအတွင်းရှိ သတ္တုနှင့် ပြုလုပ်ထားသော ပစ္စည်းများဖယ်ရှားပါ။မွေးရပ်ကိုခွါ၍အရပ်တစ်ပါးသို့ရောက်ရှိနေသူများစန်းပွင့်မည်။ ပဋ္ဋိပက္ခဖြစ်၍ ကွဲကွာနေသူများနှင့် ပြန်လည်သင့်မြတ်ခြင်းရှိမည်။

ပေးဆပ်သော မေတ္တာနှင့် ထိုက်တန်သော အကျိုးဆက် အချစ်တုံ့ပြန်မှုရမည်။ပြောင်းလဲလိုစိတ်ပြင်းထန်နေမည်။ဂုဏ်အသိုင်းအဝိုင်း မြင့်မားသောဝန်းကျင်နှင့် ဆက်နွယ်ပေါင်းစပ်သော မေတ္တာရေး ကံပေါ်မည်။တပါးသူဝင်ရောက်စွက်ဖက်မှုကြောင့် ချစ်သူနှစ်ဦးကြား စိတ်ဝမ်းကွဲနိုင်သည်။ပေါ်ပေါက်လာသည့်အနေအထားသစ်တို့ကိုစနစ်တကျအသုံးချ၍အချစ်မေတ္တာရေးအညံ့အဆိုးမှန်သမျှဖယ်ရှားနိုင်မည်။ချစ်သူဟောင်း၊ သံယောဇဉ်ဟောင်းတို့ကို စွက်ဖက် ဒုက္ခပေးခြင်းကြောင့် အချစ်ရေး၊ မေတ္တာရေး ပြဿနာ ဖြစ်တတ်သည်။

Zawgyi



Please follow and like us:
error0