Cele Love
Daily Celebrity News
တနင်္ဂနွေ သားသမီးများအတွက် ဆရာစံဇာဏီဘို၏ ဇန်န၀ါရီ ၁‌၆ရက်နေ့မှ ၃၁ရက်နေ့အထိ ဟောစာတမ်း
အသားလတ် မျက်နှာဝိုင်း၍ မျက်ခုံးထူသောသူနှင့် အချစ်ရေးကိစ္စများကြုံမည်။မရည်ရွယ်ဘဲ သွားလိုက်သော ခရီးတစ်ခုသည် ရှိရင်းစွဲအချစ်ရေးကိစ္စအား အပြောင်းအလဲဖြစ်စေမည်။လူချစ်လူခင်ပေါမည်။ဝေးကွာနေသောသူများနှင့် ပြန်လည်ဆုံစည်းမည်။ဘဝအခြေအနေအပြောင်းအလဲများ ဆက်တိုက်ဖြစ်ပေါ်မည်။ အချစ်ရေးကိစ္စတို့နှင့်အလှမ်းဝေးနေသောအရွယ်လွန်လူလွတ်များပင်လျှင်လွန်စွာစန်းပွင့်လိမ့်မည်။ ချစ်သူနှင့်နီးစပ်ပေါင်းစပ်ရန် အလုပ်နေရာအပြောင်းအလဲများဖြစ်ပေါ်မည်။ အနည်းငယ်သော အမှားအယွင်း ကိစ္စကိုပင် ခွင့်မလွှတ်နိုင်အောင်ဖြစ်မည်။ ကိုယ်က မည်မျှကောင်းသော အရာကိုပြောဆို ဆောင်ရွက်စေ အပြစ်မြင်သူနှင့် တွေ့မည်။ နားလည်မှုမရှိ အတ္တလိုအင်ကြီးသော သူတို့၏ လက်ထဲမှ လွတ်မြောက်မည်။ ရှေ့ရေးအနာဂတ်လမ်းပေါ် လျှောက်လှမ်းနိုင်မည်။ လူမျိုးကွဲ၊ လူမျိုးခြားနှင့် မေတ္တာရေးမျှနေသူများအဖို့ အညံ့ကင်းစင်မည်။
ရင်ခုန်ဖွယ် ပျော်ရွှင်စရာနေ့ရက်များကို ချစ်သူနှင့် လက်တွဲကာ လျှောက်လှမ်းရမည့် အခါကောင်းဖြစ်သည်။ မေတ္တာရေးစန်းကောင်းမည်။မနာလိုသူများ၊ အပြိုင်အတိုက်အခံများကြားမှ ဘဝကို ဖြတ်သန်းနေရမည်။ အသွားအလာ မှားယွင်းတတ်သည်။အမည်တွင်(အ၊ ဥ၊ သ၊ ဟ) ပါသူနှင့် အချစ်ရေးကိစ္စများပေါ် ထွန်းမည်။ အကြောင်းပြချက်မရှိဘဲ ချစ်သူအပေါ် ငြီးငွေ့မှုများဖြစ်ထွန်းတတ်သည်။ နာကြည်းချက်နှင့် ဦးတည်ကာ ဆုံးဖြတ်ချက်ခိုင်ခိုင်ချသင့်သည်။ကိုယ်ဆုံးဖြတ်ထားပြီးမှု အပေါ်၌ ရှေ့တိုးဆောင်ရွက်ပါ။ မရောက်ဘူးသော အရပ်ဒေသများကို လှည့်လည်သွားလာရန် နှစ်လိုသည်။ မထင်မှတ်ထားသော ဆောင်ရွက်မှုမျုားကို ကိုယ်တိုင်မရည်ရွယ်ဘဲ ပြုမိမည်။ချစ်သူနှင့် ဝေးကွာနေသူများအဖို့ ပဋ္ဋိပက္ခငြိမ်းကာ ပျော်ရွှင်ခြင်းများရရှိမည်။ ရှိရင်းစွဲမေတ္တာရေး ကိစ္စအပေါ် ဝေခွဲမရ ချီတုံ၊ ချတုံဖြစ်နေသည်။ လိမ်ညာမှု အနည်းငယ်ပြုပါက အသည်းလှိုက် အူလှိုက်ခံစား၍ အမုန်းပွားတတ်သည်။အများမှ ဆိုးသူတစ်ယောက်ဟူ၍ သတ်မှတ်ထားသည့်သူအပေါ်စိတ်ညွှတ် မေတ္တာထားမည်။ချစ်သူဟောင်း၏ စိတ်အနှောင့်အယှက်ပေးမှုကို ပြန်လည်ရင်ဆိုင်ရမည်။ မွေးရပ်မတူသူများနှင့် အချစ်ကံဆိုးမှုများမှ လွတ်ကင်းမည်။
Please follow and like us:
error0