“တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမယ် “

ကောင်းသော အသက်မွေးမှုကို ကောင်းစွာပြုပြီး သမ္မာအာဇီဝကျကျ ဇွဲလုံ့လဝီရိယ ရှိသည့်ကြားမှ ဆင်းရဲနွမ်းပါးမွဲလွန်တဲ့သူတွေ ငွေကြေး ချမ်းသာစေဖို့အတွက် ရည်ရွယ်၍…(ကံဆင့် ကံမြင့် ကံပွင့် ယတြာတော်ကြီး)
ပဉ္စပွတ်၊ ဆပွတ်၊ အညွု့န်
မွေးနေ့မတိုင်ခင် ပထမနေ့ မိမိမွေးနံ အညွုန့်ရတဲ့ နေ့ကစပြီး ယတြာစလုပ်ရမယ်။ လူတစ်ယောက်ဟာ အညွု့န် တလူလူ ဖြစ်နေဖို့ လိုပါတယ်။ ဒါကြောင့် အညွု့န် နေ့ကစပြီး အဆောင်လုပ်တာ၊ အဓိဌာန်လုပ်တာ၊ ယတြာချေတာ၊ အစီအရင်လုပ်တာ အကောင်းဆုံး နေ့ပဲ ဖြစ်တယ်။(၇)ရက်သားသမီးများအားလုံးအတွက်
တနင်္ဂနွေသားသမီးများဆို (တနင်္လာနေ့ ဖြစ်တယ်)တနင်္လာသားသမီးတွေဆို (အင်္ဂါ နေ့ဖြစ်တယ်)အင်္ဂါသားသမီးတွေဆို (ဗုဒ္ဓဟူး နေ့ဖြစ်တယ်)ဗုဒ္ဓဟူးသားသမီးတွေဆို (ကြာသပတေးနေ့ဖြစ်တယ်)ကြာသပတေးသားသမီးဆို (သောကြနေ့ ဖြစ်တယ်)သောကြာသားသမီးတွေဆို (စနေနေ့ ဖြစ်တယ်)စနေသားသမီးတွေဆို (တနင်္ဂနွေနေ့ ဖြစ်တယ်)
(အဓိဋ္ဌာန်ရက်ပြီးအောင်လုပ်ရမယ့်နေ့က)အညွု့န်၊ ပင်စည်၊ အမြစ်နံ ပေါင်းတဲ့ရက်တွေထိ လုပ်ရမယ်။တနင်္ဂနွေသားသမီးများ (၃၁)ရက် လုပ်ပါ။တနင်္လာသားသမီးများ (၂၉)ရက် လုပ်ပါ။အင်္ဂါသားသမီးများ (၄၀)ရက် လုပ်ပါ။


ဗုဒ္ဓဟူးသားသမီးများ (၄၄)ရက် လုပ်ပါ။ကြာသပတေးသားသမီးများ (၅၇)ရက် လုပ်ပါ။သောကြာသားသမီးများ (၅၀)ရက် လုပ်ပါ။စနေသားသမီးများ (၃၇)ရက် လုပ်ပါ။မီးဓာတ်နှင့်လေ၊ မြေနှင့်ရေ မိတ်ဆွေတော်ကြသဟာယ ဟူသည့် ဓာတ်သဘောအရ လျင်မြန်စေသော စရေဓာတ်ပေါ်ချိန် သောကြာအခါ လျင်မြန်စေသော ဝါယောဓာတ်ခိုရှင့် ဟူသော ရှေးပညာရှိကြီးတို့၏ ဆုံးမမှုအတိုင်း စရေဓာတ်ပေါ်သော သောကြာအခါတွင် မီးဓာတ်နှင့်လေဓာတ် ပေါင်းဆုံစီရင်ခြင်း ဖြစ်တယ်။တနင်္ဂနွေသားသမီးဆိုနံနက် (၇)နာရီခွဲမှ (၉)နာရီည (၇)နာရီခွဲမှ (၉)နာရီတနင်္လာသားသမီးတွေဆိုမွန်းလွဲ (၁)နာရီခွဲမှ (၃)နာရီအင်္ဂါသားသမီးတွေဆိုနံနက် (၉)နာရီမှ (၁၀)နာရီခွဲဗုဒ္ဓဟူးသားသမီးတွေဆိုညနေ (၃)နာရီမှ (၄)နာရီခွဲကြာသပတေးသားသမီးဆိုနံနက် (၁၀)နာရီခွဲမှ (၁၂)နာရီသောကြာသားသမီးတွေဆိုနံနက် (၆)နာရီမှ (၇)နာရီခွဲညနေ (၄)နာရီခွဲမှ (၆)နာရီစနေသားသမီးတွေဆိုမွန်းလွဲ (၁၂)နာရီမှ (၁)နာရီခွဲ
ထိုအချိန်များတွင် ဘုရားရှင်အား ဖယောင်းတိုင် အသေး(၃)တိုင်ဖြင့် အလင်းဓာတ်ပူဇော်ပြီး ယပ်တော်သွင်း၍ ဆုတောင်းပါ။မိတ်ဆွေတော်စပ်ကြသော မီးဓာတ်နှင့်လေဓာတ် ပေါင်း၍ ဘုရားရှင်အား ပူဇော် ဆုတောင်းပါက ဆုတောင်း ပြည့်ဝစေပါတယ်။ဒိဝါတပတိ ဂါထာတော်ကြီးကို တစ်နေ့ အခေါက် (၃၀၀) ရွတ်ဆိုပါ။

” ဒိဝါတပတိ ဂါထာတော်ကြီး ”

ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။
တာဒိသံ တေဇသမ္ပန္နံ၊ ဗုဒ္ဓံ ၀န္ဒာမိ အာဒရံ။
နမက္ကာရာနုဘာဝေန၊ သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။

( မှန်ကန်တိကျစွာ အသံထွက်နည်း )
ဒိဝါတပတိ အာဒိတ်စော၊ ရတ်တိမာ ဘာတိ စန်ဒိမာ။
သန်နတ်ဓော ခတ်တိယော တပတိ၊ ဈာယီ တပတိ ဗြာန်မဏော။
အထ သတ်ဗ မဟောရတ်တိန်၊ ဗုတ်ဓော တပတိ တေဇသာ။
တာဒိသံ တေဇသန်ပန်နံ၊ ဗုတ်ဓံ ၀န်ဒါမိ အာဒရံ။
နမက်ကာရာ နုဘာဝေန၊ သတ်ဗေ ပူရင်တု သင်ကပ်ပါ။

 

( အနက်အဓိပ္ပါယ် )
နေမင်းသည် နေ့အခါ၌သာ ထွန်းလင်းတောက်ပ၏။
လမင်းသည် ညအခါ၌သာလျှင် ထွန်းလင်းတောက်ပ၏။ပြည့်ရှင်မင်းသည် မင်းမြောက်တန်ဆာငါးပါး ၀တ်ဆင်မှသာ တင့်တယ်ပေ၏။ရဟန္တာအရှင်မြတ်တို့သည် ဈာန်ဝင်စားမှသာ တင့်တယ်၏။မြတ်စွာဘုရားသော်ကား နေ့ညပတ်လုံး အခါခပ်သိမ်း တန်ခိုးတော်ဖြင့် တင့်တယ်ပေသည်တကား။ထိုသို့ တန်ခိုးတော်ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော် ရိုသေစွာ ရှိခိုးပါ၏အရှင်ဘုရား။ဤသို့ ရှိခိုးရသော အကျိုးအားကြောင့် ကြံကြံသမျှ တောင့်တအရာရာ အဖြာဖြာတို့သည် လျင်မြန်စွာ ပြည့်စုံပါစေသတည်း။ဒိဝါတပတိ ဂါထာတော်ကြီးကို နံနက် အိပ်ရာမှနိုးခါစ မျက်နှာသစ် ခြေလက်ဆေးကြောပြီးသည်နှင့် ငွေထည့်သော ပိုက်ဆံအိတ်ထဲကို ပုတီးကိုင်သောလက် ထည့်စိပ်ပါ။ဘုရားကျောင်းဆောင်၌ ပိုက်ဆံတစ်ထောင်တန် တစ်ရွက်မှာလည်း ဒိဝါတပတိ ဂါထာတော်ကြီး ရေးပြီး အလံလို လွင့်ထူ၍ လှူ ဒါန်း ပူဇော်ထားပါ။ပိုက်ဆံ တစ်ထောင်တန်မှာ ဒိဝါတပတိ ဂါထာတော်ကြီးကို ရေးပြီး ထည့်ထားပါ။ ထိုတစ်ထောင်တန်နှင့် ပုတီးနှင့် ထိထားပြီး စိပ်ပါ။ ထူးခြားစွာ ငွေဝင်လာ မစဲ လာဘ်ရွှင် လာဘ်ပွင့်၍ ငွေမပြတ် ဝင်လာနေပါလိမ့်မည်။ဆင်းရဲနွမ်းပါးမွဲလွန်တဲ့သူတွေ ရိုးသားကြိုးစားမှုဖြင့် ထိုယတြာအစီအရင်များကြောင့် ပြောင်းလဲသွားခဲ့ရသော လူ့ဘဝအလှည့်အပြောင်း ဘဝတစ်ဆစ်ချိုး လက်တွေ့ ကြိုးစားဆောင်ရွက်ခြင်းဖြင့် လူတစ်ဦးတစ်ယောက် ပြည့်စုံချမ်းသားခြင်းမှသည် လူပေါင်းများစွာ ချမ်းသာပါစေလို့ ဆန္ဒပြုရင်း…
မှတ်ချက်။ ။ ဤပို့စ်ပုံ ပိုက်ဆံကို မိတ္တူယူ၍ ဆောင်ထားနိုင်ပါတယ်ခင်ဗျာ…။
ပတ္တမြားမိုး ဓာတ်နန်း(တဲ့ရော့ဗေဒလက္ခဏာ) ဆရာမာန်သစ်ခိုင်☎telenor/-09789635200☎mpt/-09898606110

Please follow and like us: