Cele Love

Daily Celebrity News

စနေ သားသမီးများအတွက် ဆရာစံဇာဏီဘို၏ ဖေဖော်၀ါရီ ၁၄ရက်နေ့မှ ၂၁ရက်နေ့အထိ ဟောစာတမ်း

ကိုယ်တိုင်တွင်လည်း ချစ်သူရှိလျက် အနီးကပ်ရှိသူကို မေတ္တာသက်ဝင်ခြင်းရှိမည်။နီးစပ်မှုအခြေတည် ၅၂၈ မှ ၁၅၀၀ သို့ ကူးပြောင်းသော မေတ္တာကံပေါ်မည်။ မိမိထက်ငယ်သောသူဖြစ်လင့်ကစားရင့်ကျက်သောအတွေးအခေါ်၊တည်ငြိမ်သောနှလုံးသားပိုင်ရှင်နှင့်လက်တွဲရမည်။မိဘဝန်းကျင်နှင့်ချစ်သူအကြားစိတ်အနှောင့်အယှက်များကြုံမည်။ချစ်သူမရှိသူချစ်သူရမည်။မေတ္တာကံကောင်းခြင်း၊ စိတ်ချမ်းမြေ့ခြင်း၊ ပျော်ရွှင်အေးချမ်းခြင်းတို့ ကြုံမည်။အချစ်ကံခေသူများပင်လျှင်လွန်စွာစန်းပွင့်မည်။

ကာလအတန်ကြာရှုပ်ထွေးနေသောကိစ္စများ ပြေလည်သွားမည်။အချစ်ရေး၊ မေတ္တာရေးကိစ္စများ အလွန်အရှိန်ကောင်းစွာဖြစ်ထွန်းမည်။ကံ့ကော်ပန်းပွင့် ၂ ပွင့်ကို လက်ကိုင်ပဝါတစ်ထည်အတွင်းထည့်၍ အမြင့်တစ်နေရာတွင် ၃ ရက်တင်ထားပါ။အသားနီစပ်စပ်ရှိသူ၏စကားရှုပ်ထွေးမှုကြောင့်အချစ်ရေးတွင်စိတ်အနှောင့်အယှက်ကြုံမည်။ အသားလတ်၊ နှာတံပေါ်၊ မေး (သို့) နှုတ်ခမ်းတွင် မှဲ့ပါသောသူအကူအညီကြောင့်မေတ္တာရေးတွင်ကံကောင်းမည်။

Zawgyi



Please follow and like us:
error0