စနေ သားသမီးများအတွက် ဆရာစံဇာဏီဘို၏ ဖေဖော်၀ါရီ 21ရက်နေ့မှ 29ရက်နေ့အထိ ဟောစာတမ်း
အသားလတ်၊ နှာတံပေါ်၊ မေး (သို့) နှုတ်ခမ်းတွင် မှဲ့ပါသောသူအကူအညီကြောင့်မေတ္တာရေးတွင်ကံကောင်းမည်။
ချစ်သူ၏အားပေးမှုအပေါ် တန်ဖိုးထားသည်။ဆုံးဖြတ်ချက်မှန်ကန်မည်။စိတ်ချမ်းမြေ့ဖွယ်ရာများရှိမည်။
ဘဝအခြေအနေ၊လူမျိုးတစ်စုံတစ်ရာကွဲပြား၍ဆုံစည်းခြင်းငှာဖြစ်နိုင်စွမ်းမရှိသောသူနှင့်မေတ္တာကံပေါ်မည်။
ပေးဆပ်အနစ်နာခံ၍ အချစ်အတွက်အရာရာကို ရင်ဆိုင်မည်။အပြောင်းအလဲများရှိနေသည်။
ချစ်သူနှင့်မိမိအကြားနားလည်မှုလွဲမည်။သစ္စာဖောက်ခံရတတ်သည်။ကူညီသူထက်နှောင့်ယှက်မည့်သူပို၍များမည်။
စကားအတင်းအဖျင်းပြောသောသူ၏ ကြားဝင်နှောက်ယှက်မှုကြောင့် ချစ်သူနှင့်မိမိကြား ပဋ္ဋိပက္ခဖြစ်မည်။
ပီယစန်းပွင့်မှုလွန်ကဲ၍ ရုတ်ချည်းအိမ်ထောင်ကျခြင်းအထိ ကြုံနိုင်သည်။နှုတ်ခမ်းပါးပါးချစ်သူနှင့် ဆုံစည်းမည်။
ပယ်ဖျက်၍မရသောအချစ်ဟောင်းနှောင်ကြိုးနှင့် အချစ်သစ်အကြား ဝေခွဲရခက်သောအနေအထားသို ့ရောက်ရှိမည်။
အချစ်ကံကောင်း မေတ္တာရေးအဆင်ပြေမည်။ရွှန်းလက်သောမျက်လုံး၊ ကွေးညွှတ်သော နှုတ်ခမ်းပိုင်ရှင်နှင့် မေတ္တာရေးကံထူးအ့ံ။
Please follow and like us: