Cele Love
Daily Celebrity News
စနေ သားသမီးများအတွက် ဆရာစံဇာဏီဘို၏ ဇန်န၀ါရီ ၁‌၆ရက်နေ့မှ ၃၁ရက်နေ့အထိ ဟောစာတမ်း
သံယောဇဉ်မထားသင့်သူအားထားခြင်း၊ အချစ်မှားခြင်းကြောင့်စိတ်အနှောင့်အယှက်ရှိမည်။ခရီးသွားရင်းစန်းပွင့်မည်။ ရေရှည်တည်မြဲမည်မဟုတ်။ရှေ့တိ်ုး၍မရ၊ နောက်ဆုတ်၍လည်းမရသော အချစ်ရေးကိစ္စပေါ်မည်။ချစ်သူသစ်နှင့်ဘဝရှေ့ရေးခရီးအတွက်စတင်ချိန်၌အချစ်ဟောင်းမှခယညွတ်ပြောင်းစွာပြန်လည်ဆက်သွယ်လာခြင်းကြုံမည်။အထင်လွဲမှုများ ဖြေရှင်းရမည်။ စိတ်အနှောင့်အယှက်များတစ်မျိုးပြီးတစ်မျိုးကြုံမည်။လက်စွပ်ဖြစ်စေ၊ နာရီဖြစ်စေ ဝတ်နေကျ မဟုတ်သော အခြားလက်သို့ ကူးပြောင်း ဝတ်ဆင်ပါ။ အယုံသွင်းကာချစ်ခြင်းမေတ္တာကို ယူငင်မည့် အခွင့်အရေးသမား၏ အန္တရာယ်သည်လည်း ဝန်းရံနေသည်။အရွယ်လွန်အပျိုကြီး ၊လူပျိုကြီးများအဖို ့ လူမျိုးမတူနယ်မြေခြားသူနှင့်မေတ္တာရေးကိစ္စကြုံမည်။ နီးစပ်မှုမှသည် မြင့်မားမြင့်မြတ်သော အချစ်ရေးအခြေအနေသို ့ပြောင်းလဲဖြစ်တည်မည်။ မွေးနေ့ပွဲတစ်ခုသို့သွားရင်း ထူးခြားသော မေတ္တာကံပွင့်မည်။နှလုံးသားသစ် ပြန်လည်နိုးထမည်။ တူညီသောပစ္စည်းများကိုကွဲပြားသောမိတ်ဆွေများမှလက်ဆောင်ပေးခြင်းကို လက်ခံရရှိမည်။
စိတ်ရှုပ်ထွေးစရာများကြုံနိုင်သည်။စိတ်မြန်လက်မြန်ဆုံးဖြတ်ချက်ချမည်။ ပေကပ်ကပ်နှင့် ထင်ရာစိုင်းလိုမည်။ ထူးခြားသောဧည့်သည်များ ရောက်ရှိလာတတ်သည်။ရည်စူးသူတစ်ယောက် ငြင်းဆန်မရသူကတစ်ယောက်ဖြစ်နေမည်။ အတိတ်အရိပ်ကြောင့် စိတ်အနှောက်အယှက်များဖြစ်မည်။မိသားစုနှင့်ချစ်သူအကြားရတက် မအေးရသောအနေအထားရှိသည်။ဖြစ်ပေါ်နေသော ပဋ္ဋိပက္ခပြဿနာများ ဖြေရှင်းနိုင်မည်။လူမျိုးကွဲလူမျိုးခြားများနှင့်မေတ္တာမျှနေသူများအဖို ့အညံ့ကင်းစင်မည်။နှုတ်ခမ်း သို့မဟုတ် ပါးတွင်မှဲ့ပါသောသူကြောင့် မေတ္တာရေးတွင် စိတ်အနှောင့်အယှက်ကြုံမည်။ရုတ်တရက်ဆုံးဖြတ်၍ လုပ်ကိုင်သောကိစ္စများမှ ထူးခြားစွာတိုးတက်မည်။ဘဝရည်ရွယ်ချက်နှင့် လိုအင်ဆန္ဒတို့ကို ပြည့်စုံငြိမ်းချမ်းစေသော အချစ်ရေးကိစ္စကိုလည်း ကြုံမည်။လူမျိုးကွဲ၊ ဘာသာကွဲနှင့် ပတ်သက်၍စိတ်ချမ်းမြေ့စရာများကြုံမည်။ရှေ့ရေးအနာဂတ်လမ်းပေါ် လျှောက်လှမ်းနိုင်မည်။
Please follow and like us:
error0