Cele Love

Daily Celebrity News

ကြာသပတေး သားသမီးများအတွက် ဆရာစံဇာဏီဘို၏ ဖေဖော်၀ါရီ 21ရက်နေ့မှ 29ရက်နေ့အထိ ဟောစာတမ်း

ဝေးကွာနေသော ချစ်သူဟောင်းများနှင့် ဆုံစည်းခြင်းရှိမည်။အရပ်ဝေးရောက်နေသောသူထံမှ ကောင်းသတင်းကြားသိရမည်။
ဘေးစကား သွေးစကားအနှောင့်အယှက်များကြောင့် ဖြစ်ပေါ်နေသော ပြဿနာများအေးငြိမ်းသွားမည်။
စန်းပွင့်မှု လွန်ကဲသောကြောင့်တစ်ဦးထက်မကသော အချစ်ရေး၊ မေတ္တာရေးကိစ္စများ ကြုံတွေ့မည်။
ချစ်သူအပေါ်မေတ္တာလစ်ဟာမှုများရှိကာ စိတ်ကောက်ခံရတတ်သည်။အချစ်ရေး၊ မေတ္တာရေးတွင် စိတ်အနှောင့်အယှက် ဖြစ်ရကိန်းကြုံမည်။
ခရီးသွားစဉ်ဝယ်ယူလာသောအမှတ်တရပစ္စည်းတစ်ခုအား အနီးအပါးအမြင့်တစ်နေရာတွင်တင်ပါ။
တွက်ဆလွန်းသောချစ်သူကြောင့် စိတ်အနှောက်အယှက်ကြုံမည်။အပြာရင့်ရောင်၊ခရမ်းရောင်၊အဝါရောင်၊မီးခိုးရောင်များသည်အထူးကောင်းကျိုးပေးသည်။
ဘဝလမ်းကြောင်းပေါ်တွင် အကျိုးလိုလားမှုနှင့် မေတ္တာထားသောသူများကိုဆုံရမည်။အသက်အရွယ် ပို၍ငယ်သူအပေါ် အလေးထား၍ ဆုံးဖြတ်ရမည်။
မေတ္တာရေးကိစ္စများ အဆင်ပြေချောမွေ့မည်။ချစ်သူရှိသူများပင် ထပ်ဆင့်ချစ်သူ ရမည်။
အမည်တွင်(အ ၊ ဥ ၊ က ၊ ခ၊ င) ပါသောသူကြောင့်ပဋိပက္ခများဖြေရှင်းရမည်။လှည့်စားသူ၊ မာယာများသူများနှင့်တွေ ့၍ အချစ်ကံခေရခြင်းမျိုး ကြုံတတ်သည်။


Please follow and like us:
error0