Cele Love

Daily Celebrity News

ကြာသပတေး သားသမီးများအတွက် ဆရာစံဇာဏီဘို၏ ဖေဖော်၀ါရီ ၁၄ရက်နေ့မှ ၂၁ရက်နေ့အထိ ဟောစာတမ်း

တစ်ဦးထက်မကသော အချစ်ရေးကိစ္စများပေါ်မည်။ ဘဝအခြေအနေလွန်စွာမြင့်သူနှင့်မေတ္တာမျှခြင်းရှိမည်။အဖြူရောင်၊ အမဲရောင်ပစ္စည်းများ လက်ဆောင်လက်ခံရရှိမည်။ရည်မှန်းထားသောသူနှင့် ဆုံစည်းရန် အခါခွင့်ကြုံမည်။အနှောင့်အယှက်များစွာ၊ အတိုက်အခံများစွာကြားမှ ချစ်မေတ္တာဇာတ်လမ်း ရှင်သန် နေရမည်။ ပဋ္ဋိပက္ခ၊ ရန်အနှောင့်အယှက်နှင့် မနာလို သဝန်တိုမှု အလုံးစုံအပေါ် ရင်ဆိုင်ဖြေရှင်း နေရမည်။

သဝန်ကြောင်မှု၊စွပ်စွဲပြောဆိုမှုကြောင့်တစ်ဦးနှင့်တစ်ဦး စိမ်းရသောအနေအထားရှိသည်။အရွဲ့တိုက်ခြင်း၊ တဇွတ်ထိုးလုပ်ခြင်းကြောင့် အမှားကြုံတတ်သည်။စိတ်သောက ရောက်ရခြင်းနှင့် ချစ်ကံကြမ္မာအညံ့အဆိုးများဝင်မည်။သံယောဇဉ်ဟောင်းနှင့် တွေ့မည်။ ပြန်လည်ဆက်နွယ် နှောင်ဖွဲ့၍ မေတ္တာရေး ဆုံးဖြတ်ချက်ချရမည်။ဝေးကွာနေသော ချစ်သူဟောင်းများနှင့် ဆုံစည်းခြင်းရှိမည်။အရပ်ဝေးရောက်နေသောသူထံမှ ကောင်းသတင်းကြားသိရမည်။

Zawgyi



Please follow and like us:
error0